အခန်း(၆၂)

Start from the beginning
                                    

"လူတွေရှိတယ်။"

"ဘယ်နားလူရှိလို့လဲ ၊ မရှိပါဘူး။"

ဟယ့်ကျောင်းကတော့ တစ်ပြားသားမှမလျှော့ ဘူးခံငြင်းကာ စကားသံအဆုံးမှာတော့ ဘောင်းဘီအားတစ်ယောက်ယောက်ကဆွဲလို့လာ၏။ ခေါင်းငုံ့လို့ကြည့်လိုက်မိစဉ်မှာတော့ ဘယ်နားကထွက်လာမှန်းမသိသည့် ကလေးမလေးတစ်ယောက်အားတွေ့လိုက်ရပါသည်။ ခေါင်းထက်တွင်မူ ကြက်တောင်စည်းလေးနှစ်ဖက်ခွဲစည်းလို့ထားပြီး ခန့်မှန်းခြေလေးငါးနှစ်လောက်သာရှိဦးမည်ဖြစ်ကာ သေးသေးကွေးကွေးကလေးကိုမှ သိမ်သိမ်မွေ့မွေ့လေသံလေးဖြင့်သူ့ကိုအော်ခေါ်လာသည်။

"ကိုကို။"

ဟယ့်ကျောင်း : ". . . . . ."

ဘယ်ကနေများပြေးထွက်လာတာလဲ? အသံမကြားဘာမကြားနဲ့။

"ကိုကို ၊ မီးဟိုဟာလေးယူချင်လို့။"

ကလေးမလေး၏ တုတ်တုတ်တစ်တစ်လက်ချောင်းကလေးက စင်ထက်ထိုးလို့ပြလာလျက် စကားသံကလည်းမပီကလာပီကလာဖြင့်။

"စတော်ဘယ်ရီအရသာနဲ့။"

ရှဲ့ယွီသည်လည်းလိုက်လို့ကြည့်လိုက်ရာ ဂျယ်လီထုပ်ကိုထိုးပြနေတာဖြစ်ပြီး အထုပ်ပေါ်တွင်ကား ကာတွန်းပုံလေးတွေခတ်နှိပ်လို့ထား၏။ သို့တိုင်တင်ထားသည့်နေရာက အနည်းငယ်မြင့်နေလေရာ ဒီလိုပုစိညှောင့်တောင့်အရပ်ကလေးနဲ့ဆို ခုန်ယူလျှင်တောင်မမီပါချေ။

"ယူပေးလိုက်လေ ကိုကို. ."

ရှဲ့ယွီသည် ဘေးဘက်သို့နှစ်လှမ်းမျှလျှောက်လို့သွားလိုက်ပြီး ပြောလိုက်သည်။

"စတော်ဘယ်ရီအရသာတဲ့။"

စတော်ဘယ်ရီအရသာကအတွင်းဘက်ထဲရောက်နေလေရာ ဟယ့်ကျောင်းသည်ရှေ့ကအထုပ်အနည်းငယ်အားဘေးသို့တွန်းပို့ရင်း ပြုတ်ကျမည်လည်းစိုးသဖြင့်လက်တစ်ဖက်နှင့်ထိန်းထားလိုက်သည်။ ထိုအခိုက် ရှဲ့ယွီထံမှ "ကိုကို"ဆိုသည့်တစ်ခွန်းခေါ်သံကြောင့် သူ့မှာသေချာကိုင်မထားနိုင်တော့ဘဲ အထုပ်တွေပင်ပြုတ်ကျလုနီးဖြစ်သွားရပါသည်။

ရှဲ့ယွီ၏လေသံက နဂိုကတည်းကအေးစက်စက်ရှိကာ ထပ်ပေါင်းအနေဖြင့် တော်တော်များများပြောလာတိုင်းလည်း နားထောင်ရတာနားဝင်မချိုပဲရှိလှ၏ ၊ သို့သော် ညင်ညင်သာသာလေးဆိုလာချိန်အခါများမှာတော့ လူကိုအတော်လေးကိုမြှူဆွယ်နိုင်ပေသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now