"ဟီးဟီး မောင်ကငါ့ကို အရမ်းဂရုစိုက်နေတော့လေ ငါအရမ်းပျော်နေသလိုပဲ အမြဲပြုံးနေမိတယ်တစ်ခါတစ်ခါ  ငါမောင့်ကို ဆုံးရှုံးရမှာ ပိုပိုကြောက်လာတယ် "

" ကိုကို ရာ ဘာလို့ အဲ့လို အတွေးဝင်ရတာလဲ မောင်က ကိုကို့ ကို ထားခဲ့မယ် ဆိုရင်တောင် မောင်သေသွားလို့ပဲ ဖြစ်လိမ့်မယ်"

လမ်းကသဲလမ်းလေးဖြစ်ပေမဲ့ ဖြောင့် ဖြူးနေသည်။ကိုကိုက စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဘောင်းဘီ အရှည် ကိုတွဲဖက် ဝတ်ထားတာ အသားကဖြူဥ နေတာတော့ လူတိုင်းအသိပါ တင်စားရရင် ပုလဲ လုံးတွေ တစ်လုံးလို ပဲ ဝ်ကျင့်ကျင့် မီးရောင်အောက်မှာ ရွှေဟင်္သာ ငှက်ကလေးလိုပဲ အရောင်တဖြတ်ဖြတ်နဲ့ လှပနေတာ ဒီမျက်နှာလေးကို ကြည့်ပြီးအချစ်အကြောင်းတွေ ဖွဲ့နွဲ့နေစရာတောင်မလိုပေ။

အကြည့်တစ်ချက်တည်းမှာပင် ဘယ်လောက်ထိ မြတ်နိုးရကြောင်း အကြောင်းပြချက် တွေ သိန်းပေါင်းသန်းပေါင်းမက ရှိနေလေသည်။
နှုတ်ခမ်းထပ်သိူ့ရောက်လာတဲ့ လက်ချောင်းလေးရဲ့ အထိအတွေ့လေးကပင် ရင်ထဲမှကြည်နှုးမှုကို ခေါ်ဆောင်စေပြန်သည်။ခေါင်းလေးခါတော့ ဆံနွယ်တွေက လှုက်ခက်သွားပြီး အိစင်းနေတဲ့ ဆံစတွေက လေတွေကြားဝဲပျံနေသယောင်

"မောင်ဘာတွေ ပြောနေတာလဲ "

"မောင်က  မင်း ကို ဘယ်တော့ မှ မထားခဲ့ဘူးဆိုတာသိစေချင်တာ"

"အင်း ငါ့ကိုယ်ငါထက်ယုံတယ် "

ဟိုတယ် ကို ပြန်နေတဲ့ လမ်းတစ်လျှောက်မှာ မုန့်သည်တွေ ကအများအပြားပင်

"မောင် ကြက်ဥပြုတ်စားချင်တယ်"

အထိုင်ရောင်းနေတဲ့ ကြက်ဥပြုတ်သည်ကိုလက်ညိုးထိုးပြပြီး ပူဆာလာတဲ့ပုံလေးက တစ်ဗန်းလုံးကို ဝယ်ကျွေးပစ်ချင်စရာ အမူ အရာလေးနဲ့

ကြက်ဥ နှစ်လုံး ဝယ်ပေးပြီး ဟိုတယ် ကိုပြန်ရောက်လာကြသည်။အခန်းထဲ ရောက်တာနဲ့ ခုံမှာ ထိုင်ပြီး ကြက်ဥကို အားပါးတရခွာရန်  ခုံနဲ့ တိုက်တော့တာပဲ

"ကိုကို ကြက်ဥကို ချထားလိုက် လက်တွေ ခြေတွေ ရေသွားဆေးချေ မောင်ခွာထားမယ်"

I'm so Sorry For that(Complete)Where stories live. Discover now