Plan အင်္ကျီ လက်ကိုမ,တင်လိုက်ပြီး ဓားကိုကိုင်ကာ သေသေချာချာ မလိုအပ်တာတွေဖယ်ထုတ်ပြီးချက်နေတုန်းအရည်ပျော်ဝင်အောင် အစိတ်ကလေးတွေလုပ်ကာ လှီးပေးနေသည်။မီးဖိုခန်းထဲမှာ အလုပ်တွေရှုပ်ကာ ဆူပွတ်သံတွေနှင့် ဆူညံနေသည်။

.......

"ဟင် Perth......"

ဝရံတာဘောင်ပေါ်မှာ ထိုင်နေသည့် Perth ကသူ့ကိုလှည့်ကာ ပြုံးပြလာသည်။စောင်ကိုဆွဲလှန်ပြီး Perth အနားကိုပြေးသွားတော့

အောက်ကိုဆင်းကြမယ်တဲ့လေ

"ဆင်းမယ် ပြီးရင် ကျွန်တော် Perth နဲ့ လိုက်ခဲ့လို့ရမလား "

ရတယ်ဆိုတဲ့ စကားသံကိုထပ်ကြားလိုက်ရပြီး Perth ကသူနဲ့ အတူ ထွက်ပြေးကြမယ်ဆိုပြီးပြန်ပြောလာသည်။တစ်ဆက်တည်း လက်ရန််းပေါ်က ခုန်ဆင်းသွားတဲ့ Perth ကမြေပြင်ပေါ်ကနေ သူ့ကိုဆင်းခဲ့ဖို့အော်ပြောနေသည်။

"ဆင်းခဲ့မယ် ခဏစောင့်နော် "

တုန်ယင်နေတဲ့ လက်တွေနဲ့ ဘောင်ပေါ်ကို ပင့်တတ်ကာ ခြေထောက်ထောက်ရင်း ခြေချော်ကာ လေထဲသို့ လွှင့်သွားသယောင်

ရင်ထဲမှာ အေးချမ်းသွားခဲ့ပြီး Saint ပြုံးလိုက်မိသည်။Perth နဲ့တူတူရှိနေရတော့မည်။

ဘုန်း.......

"အိမ်ရှေ့မှာ ဘာသံလဲ မသိဘူး အစ်ကို သွားကြည့်အုံးမယ် ဆန်ပြုတ်အိုးမွှေနေနော် တူးသွားမယ် Plia Saint ကောင်းကောင်းလေးသောက်ရမှာ"

"Khun Plan......Khun Plan. ......K'Saint !"

ဘုန်းကနည်းဆိုတဲ့ အသံနဲ့အတူ အိမ်ကူကောင်မလေးရဲ့ ငိုမဲ့မဲ့ အသံတစ်ခု Plan ဘာမှ မတွေးရဲတော့ ချက်ချင်းပြေးထွက်သွားခဲ့သည်။လက်ထဲ က ဇွန်းကို ပစ်ချလိုက်လို့ ဟင်းရည်တွေ လက်ကိုစင်သွားသည့် Plia လည်း အသိမကပ်တော့ အိမ်ရှေ့ကိုပြေးထွက်လာခဲ့သည်။အဖြူရောင်ဝတ်စုံမှာ သွေးတွေရွှဲပြီး ပွေ့ဖက်ထားတဲ့ Artro

လက်ထဲက ခန္ဓာကိုယ်သေးသေးလေးက ပါ
စပ်ကပါသွေးတွေ အန်ထွက်လျှက်

ဒါတောင်သူ့မျက်နှာလေးက အပြုံးတွေဖြင့်

"Saint....!!! "

I'm so Sorry For that(Complete)Where stories live. Discover now