"Perth အဆင်ပြေရင် လက်မှတ်လေးထိုးပေးပါလား ကျွန်တော့်နာမည်က Saint ပါ ကျွန်တော် Perth ကိုအရမ်းသဘောကျနေတာ "

"ဘာလို့ လက်မှတ်ထိုးပေးရမှာလဲ"

"Perth ဘာဖြစ်လို့လဲ သူက Perth ရဲ့ fan လေ"

Perth က Yewoon စကားကြောင့် ကျွန်တော့်လက်ထဲကစာအုပ်နဲ့ ဘောပင်ကို ယူပြီး ကြည့်နေသေးသည်။စာအုပ်ကိုသေချာလှန်လျောပြီး မှ လက်မှတ်တစ်ခုထိုးပေးသည်။

"ကျေးဇူးတင်ပါတယ် Yewoon ရောထိုးပေးလို့ရမလား"

"ရတာပေါ့ Perth ပေး"

"ကျွန်တော်ကလေ Perth တို့ couple လိုက်ကို အရမ်းသဘောကျတာ ကျွန်တော်အမြဲ ကြည့်ဖြစ်တယ် update တိုင်းကို ကျေးဇူးတင်ပါတယ် အခုလိုအချိန်ပေးလို့"

Saint ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေး ကို Yewoon ကသဘောတကျကြည့်နေပေမဲ့ တစ်ယောက်သောသူကတော့တုန်လှုပ်နေခဲ့သည်။ဒါပေမဲ့ အမူအရာကို သူထိန်းထားဆဲ

"Saint....! ဒါဘာလုပ်နေတာလဲ မင်းပျောက်လို့ ငါလိုက်ရှာနေရတာ"

"Plan ဒီမှာ Perth နဲ့ Yewoob ကိုတွေ့လို့ လက်မှတ်ထိုးခိုင်းနေတာ ဟီး Perth Yewoon သွားလိုက်ပါအုံးမယ်နော် "

ခါးလေး ညွှတ်ကာ နှုတ်ဆက်သွားသည့် Saint ကိုကြည့်ပြီး Yewoon သဘောတကျ ပြုံးလိုက်မိသည်။ပြီးတော့ ရှေ့ဆက်သွားဖို့ လုပ်ပေမဲ့ သူမချိတ်ထားတဲ့ လက်မောင်းပိုင်ရှင်က ငြိမ်သက်နေသည်။

"Perth...Perth...သွားကြမယ်လေ"

"သြော် အင်း Yewoon"

......

Leo အခြေအနေတွေ အကုန်ကို မဒမ်ဆီသို့ သတင်းပို့လိုက်တော့ မဒမ် ကဒေါသတကြီးဖြင့်

"ဘာလို့ ဒီကောင်က ပြန်ပေါ်လာရတာလဲ သူ့အတွက်နဲ့ ဘာကိုမှယအပျက်အစီးမခံနိုင်ဘူး အဲ့အတွက် အခု တစ်လော သူဘာတွေ လုပ်နေတယ် ကြံစည်နေတယ် ဆိုတာတွေ အကုန် နောက်ကြောင်းပြန်လိုက် Leo"

"ဟုတ်ကဲ့ မဒမ် အခု Perth နဲ့ Yewoon တို့ မစ္စတာ အိမ်မှာပဲ တည်းကြပါတယ်"

"ဟက်......ငါစိတ်မဝင်စားဘူး နောက်တနင်္လာနေ့ အင်တာဗျူးမှာ Perth ဘာတစ်ခုမှ လွဲချော်လို့မရဘူး သူ့ကို အဖြေတွေ သေချာ လေ့ကျင့်ခိုင်းထား သတင်းထောက်က မပါတဲ့ မေးခွန်းတွေမေးရင် ဖြေစရာမလိုဘူး ကြားလား"

I'm so Sorry For that(Complete)Dove le storie prendono vita. Scoprilo ora