"Yewoon ခံတွင်းတွေ့လား"

"အင်း Yewoon သောက်ချင်နေတဲ့ အရသာပဲ"

"Foi  ဒါဆိုသွားနားတော့"

Foi သူဌေးနဲ့ သူဌေးကတော်ကို ကြည့်ပြီး မဆီမဆိုင် သခင်လေးကိုတမ်းတမိသည်။သခင်လေးက ကော်ဖီနံ့ကိုတောင် မခံနိုင်ခဲ့ဘူး။သခင်လေး အခုဆို ကိုယ်ဝန်နှစ်လ လောက်ရှိနေပြီ သခင်လေးကိုတော့ အခုလို ပြုစုပေးမဲ့သူရှိမယ် မထင်ဘူး။Plia ပါသွားပေမဲ့ သခင်လေး လိုအပ်နေမဲ့သူဟာ သူဌေး ပဲလေ

အခန်းထဲပြန်ဝင်လာပြီး ကြီးမေဘေးနားလှဲလိုက်ရင်း သခင်လေး အားလွမ်းနေမိသည်။ကွေသယိုသုတ် ထဲကို ကြီးကြီးမသိအောင် ငရုတ်သီးမှုန့်တွေ ခိုးထည့်ပြီးစားခဲ့သည့်သခင်လေး

ထမင်းစားဝိုင်းမှာ ဆို သူဌေးကို ဦးချပြီးမှ တရိုတသေစားတတ်တဲ့ သခင်လေး သူဌေးကတော် အစား သခင်လေးသာ ရှိနေရင်ပိုပျော်ဖို့ကောင်းနေမှာ

"*sob*"

-----------------------------------------------------------

မနက်မိုးလင်း လို့မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ရုံးသွားဖို့ပြင်ဆင်ပြီးနဲ့ Yewoon ကို ကူဖို့ Foi ကိုသွားခေါ်ပေးရသည်။သန့်စင်ပြီးစီးတဲ့ အချိန် Yewoon နဲ့အတူ မနက်စာစားပြီး မှ ကုမ္ပဏီသို့သွားရသည်။တစ်နေ့တာဟာ အမြဲ ပုံမှန်အတိုင်းလည်ပတ်ရင်း ကုန်ဆုံးနေမြဲ

Yewoon ကကျန်းမာရေးမကောင်းတာတော့ မဟုတ် ကိုယ်ဝန်လက္ခာ က မနေ့ကမှ ပြတော့သူမအီမသာဖြစ်နေမှာ စိုးရိမ်နေခဲ့ရသည်။

"Hello Yewoon ဆေးသောက်ပြီးပြီလား"

"သောက်ပြီးပြီ Perth အလုပ်အဆင်ပြေရဲ့လား"

"ပြေပါတယ် Yewoon ကိုယ်ဝန်ဆောင်ရတော့မယ်ဆိုတော့ကျွန်တော် ဝတ်စုံတွေ အပြန်ဝယ်လာခဲ့မယ် နော် နေကောင်းအောင်နေပါ"

ဖုန်းကောလ် ended ဖြစ်သွားတော့ အလုပ်ကို တစ်နေကုန်ခေါင်းစိုက်လို့အပြီး  သုံးနာရီလောက်မှာ အသစ်တိုးချဲ့ထားတဲ့ Plus  mall ကိုသွားပြီး ဆိုင်ခန်း တွေ စစ်ဆေးရေးလုပ်သည်။ကိုယ်ဝန်ဆောင် အတွက် အင်္ကျီတွေ ကို မရွေးတတ်တာကြောင့် ဝန်ထမ်းတွေကိုသာရွေးခိုင်းလိုက်ရသည်။

I'm so Sorry For that(Complete)Where stories live. Discover now