"မင်းသိနေတာလား"

"ငါရိပ်မိတာပါ ဒီလိုပါပဲ"

"ဟုတ်တယ် သူက ဘယ်သူ့ကိုမှယမသိစေချင်ဘူးဆိုလို့"

"ကလေးရလာတဲ့ အခါ သူတော်တော်ပျော်နေမှာ"

"ကလေး"

ကျွန်တော် မစဥ်းစားမိဘူး ကလေးဆိုတဲ့ ကိစ္စကို ဒါပေမဲ့ ကလေးယူရအောင်ဆိုပြီးတိုင်တိုင်ပင်ပင် နဲ့ နေ့ရက်ကဘယ်တော့မှ လည်းဖြစ်လာမှာ မဟုတ်ပါဘူး ဘာလို့လဲဆိုရင် သူက ကျွန်တော့်ကို မှ မချစ်တော့တာ

-----------------------------------------------------------

Tio လာကြိုတော့ တကယ်အံ့သြသွားမိတယ် သူကသူ့တာဝန်တော့ တကယ်ကျေတာပဲ အိမ်ကိုရောက်သွားတော့ တစ်နေကုန် မမြင်ရသေးတဲ့ ယောက်ျားကို တမ်းတမိတယ်။သူ အသစ်ကလေးနဲ့ပျော်ပါးပြီး ဒီနေ့ပြန်လာလောက်မယ် တော့မထင်မိပါဘူး

"ဘယ်အချိန်ရှိနေပြီလဲ "

"ငါအလုပ် သွားလုပ်တာ "

လွယ်အိတ်ထဲ အမြဲ ပါနေတတ်သည့် အောက်ဆုံးကဇစ်အိတ်လေးထဲက pad ယူလိုက်သည်။၅ နာရီတောင်ကြာနေပြီမို့ ရေချိုးခန်းထဲဝင်ကာ သန့်စင်ပြီး အသစ်တစ်ခု ပြင်စင်ကာ  အဝတ်အစားတွေပါ ကြိုလဲ ခဲ့လိုက်သည်။ခေါင်းရေသုတ်နေတုန်း

"ငါဗိုက်ဆာနေပြီ"

"..." သူအခုထိ ထမင်းမစားရသေးဘူးလားဟုတွေးမိလိုက်သည်။ကျွန်တော်လည်း ဆင်းစားမဲ့ အတူတူ သူ့ဖို့ ပိုပြင်ပေးရတာ ပင်ပန်းတာမှ မဟုတ်ဘဲလေ

အနောက်ကလိုက်လာပြီး ကျွန်တော် ပြင်ဆင်ပေးထားသည်ကို ထိုင်စားနေသည်။ဘာစကားမှ မကြားရ ။

....

အခန်းထဲကိုပြန်ရောက်တော့ ကျွန်တော် ကုတင်ပေါ်သို့ တတ်တာ ခေါင်းအုံးကို ကတင်အစွန်ထိ တိုးရွှေ့လိုက်သည်။အကြောင်းအရင်း ခိုင်ခိုင်လုံလုံမရှိပေမဲ့ အနီးအနားမှာ အိပ်ချင်စိတ်မရှိဘူးလေ

"ပျော်ခဲ့လား"

"ဘာကိုလဲ"

"Pao နဲ့အတူတူ အလုပ် လုပ်ရတော့လေ"

သူသိပြန်ပြီတဲ့လား ဘာမှတော့ ထွေထွေ ထူးထူးမရှိပါဘူးဘာမှ လည်း ဖြေ ရှင်းပြစရာ လို မနေတာကြောင့် မျက်လုံး စုံမှိတ်လိုက်သည်။
တစ်နေကုန်ကြားနေရတဲ့ မင်းဂုဏ်သတင်းလောက်မှ မကြီးကျယ်တာ ဆင်းရဲတဲ့ တက္ကသိုလ်ကျောင်းသားတွေ အလုပ်လုပ်ကြတာ ထူးဆန်းလို့လား

I'm so Sorry For that(Complete)Opowieści tętniące życiem. Odkryj je teraz