"မင်းကျောင်း ဆက်တတ်စရာ မလိုတော့ဘူး နားကန်းနေတာလား"

" ဒီကျောင်း က ငါ့လုပ်အားခနဲ့ ငါ တတ်နေတဲ့ အတွက် မင်း ဘာမှ ပိတ်ပင်စရာ မလိုဘူး "

"လကုန်တဲ့ အထိ တတ်ပေါ့ နောက်လစာအတွက် မင်းမှာ တတ်စရာမရှိတော့ဘူး "

ဟုတ်တယ် သူအလုပ်မလုပ်ခိုင်းလို့ မသွားတာ နှစ်ရက်ကျော်နေပြီ သုံးရက်စာအလုပ်လေးခုဆို နှစ်ထောင်ကျော် ဝင်ငွေလျော့နေပြီ မလား

"ငါဘာလုပ်ပေးရမလဲ ကျေးဇူးပြုပြီး ဒီကိစ္စကိုတော့အကြပ်မကိုင်ပါနဲ့ ထမင်းမစားနဲ့ ဆို ငါမစားဘူး ရတယ် "

ဇွန်ကို ချလိုက်ပြီးခေါင်းငုံ့ထားသည်။ကျောင်းမတတ်လို့တော့မရဘူးဘွဲ့ရဖို့ဒီတစ်နှစ်ရယ် နောက်တစ်နှစ်ရယ်ပဲလိုတော့တာ
ကျွန်တော် အင်ဂျင်နီယာဖြစ်ချင်းလွန်းလို့ အခက်အခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရတာ

ကျွန်တော့်ဘဝ အိပ်မက်တွေ ဖြစ်လာဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲ ကျွန်တော်ကပဲ သိတာ ရှင်းရှင်းပြောရရင် ကျွန်တော့်လို မိဘမဲ့ တစ်ယောက် နောက်ခံ မရှိတဲ့ လူတစ်ယောက် အကြောင်း ဘယ်သူက ကျွန်တော့် ထက်ပိုသိမှာလဲ

"မင်းခန္ဓာကိုယ်ဆိုရင်ရော ငါ့ကိုကြည်ကြည်ဖြူဖြူနဲ့ပေး နေ့တိုင်းငါမင်းကို ပိုက်ဆံရှင်းမယ် "

Plia တစ်ကိုယ်လုံးတောင့်ခဲသွားတယ်။သူမ တစ်ဆက်တည်း သခင်လေးကို သနားမိသွားတယ် သခင်လေးကို သူဌေး အတင်းလက်ထပ်ခဲ့တာပေါ့ သူဌေးကသခင်လေးကို ချစ်နေတယ်လို့ထင်ခဲ့တာ ဒါဆိုရင် အမြဲ ငိုနေတဲ့ သူဌေးကရော သခင်လေး ကို ဂရုစိုက်ဖို့တတွတ်ပြောတဲ့ သူဌေးကရော နောက် သခင်လေးကို အမြဲခိုးနမ်းနေတဲ့ သူဌေး

သူဌေးကသခင်လေးကိုမချစ်ဘူး  ဘယ်သူကများကိုယ်ချစ်တဲ့သူကိုထိုးရက်မှာလဲ ဘယ်သူကကိုယ်ချစ်တဲ့သူကို အခုလိုပြောမှာလဲ

"ငါ......ငါ..."

"လက်မခံနိုင်ရင် ကျောင်းဆက်မတတ်နဲ့"

"ကွာရှင်းမယ် "

"...."

"ငါတို့ကွာရှင်းကြမယ် အဲ့အတွက်....."

I'm so Sorry For that(Complete)Where stories live. Discover now