"ရောက်ပါပြီ သခင်လေး ဘယ်အချိန်လာကြိုရမလဲ "

"ရတယ် လာမကြိုနဲ့"

"အဲ့ဆို ကျွန်တော် ဒီမှာပဲစောင့်နေလိုက်ပါ့မယ် "

"ဟေး ပြန်လေ အကြာကြီးစောင့်နေရမှာပေါ့ ငါအတန်းတတ်အုံးမှာ"

"သခင်လေး အဲ့ဆို လာကြိုရမဲ့ အချိန်ပြောပါ"

"၃ နာရီ ရပြီလား"

အခုကျမှ ညိုးငယ်နေတဲ့ မျက်နှာလေးက သွားတွေ စီတန်းကာ ပြုံး လျှက် ပြန်မောင်းထွက်သွားတော့သည်။ပွဲစဖို့ ငါးမိနစ်ပဲ လိုတော့တာကြောင့် ကွင်းထဲကို အမြန်ပြေးရသည်။

"အတော်ပဲ Saint Perth မရောက်သေးလို့ "

"ဟင် သူမရောက်သေးဘူးလား"

"ဟုတ်တယ် အရေးကြီးပါတယ် ဆိုမှ Final ပွဲကျမှဟာ"

"ဖုန်းဆက်ကြည့်သေးလား"

"စက်ပိတ်ထားတယ်  ငါသေချင်တယ် ဒီလိုဆို အရံတွေပဲ ထည့်ရမယ် ထင်တယ် ဒီအရူးကောင်က ဟာ "

Bow ငိုချတော့မလိုလိုနှင့် ဟိုရှာ ဒီရှာ ဂဏှာ ကမငြိမ်ပေ

"Ohm တို့ဆီသွားပေးပါလား အရံက ဘယ်သူဆိုအဆင်ပြေနိုင်လဲလို့"

"အေး သွားပေးမယ် "

Perth ဘာလို့လာမပြိုင်တာလဲ ဟုတ်သားပဲ သူပြိုင်နေရင် ကျွန်တော်အထင်လွဲနေမိအုံးမယ် သူအစကတည်းက ကျွန်တော် တောင်းဆိုလို့ ဝင်ပြိုင်ခဲ့တာ အခုကအရေးမှ မပါဘဲကို

"Ohm bow က ဘယ်အရံကစားသမားက .....အား"

အနောက်က Pond နဲ့Ping ဆော့နေတာကြောင့် ကျွန်တော် လဲကျသွားသည်။Ohm ပေါ်ကို တန်းနေတာပဲ လက်နဲ့ ထောက်ပြီးကျသွားတာကြောင့် လက်နာသွားသည်။တော်တော်နဲ့ ပြန်ထမရသည့်အခြေအနေကြောင့်

"Saint....!! "

"အ"

"ဒါဘာဖြစ်နေတာလဲ"

လက်ကောက်ဝတ်ကို ဆွဲကိုင်ထားတာကြောင့် ရုန်းလို့မရ ဘာလို့အခုမှရောက်လာပြီး ဒေါသထွက်နေရတာလဲ

"နာနေပြီ အရင်လွှတ်ပေး"

"ဟို ကောင်နှစ်ကောင် ကမြင်းကြောထနေတာလေ Saint လဲကျသွားတာ မင်းကဘာလို့နောက်ကျနေတာလဲ ပွဲစတော့မှာကို"

I'm so Sorry For that(Complete)Where stories live. Discover now