"Pao ကအားနာစရာကြီး"

"စိတ်မပူနဲ့ ငါစီစဥ်မယ်"

ပထမအတိုင်းဆို Pao ကိုမုန့်ဝယ်ကျွေးမယ် ပိုက်ဆံပေးလိုက်မယ် ပြီးရင် ချော့လိုက်မယ်ပေါ့ ဒါပေမဲ့ Saint ကနေရာတကာ ငွေနဲ့ ဖြေ ရှင်းတာကို မကြိုက်တာ တောင်မဟုတ်ဘူး မုန်းလွန်းသည့်အဆင့်လေ

"Pao ငါတောင်းပန်ပါတယ်နော် Saint ကို နေရာလေးပြန်လဲပေးလိုက်ပါလား သူအဲ့နေရာမှာ အဆင်မပြေလို့တဲ့"

"ဟုတ် အတန်းခေါင်းဆောင် ကျွန်တော်ပြန်လဲပေးလိုက်ပါ့မယ် "

အတန်းထဲမှာ Pao ကအအေးဆုံး သူက အခုလည်း ဘာမှ ပြစ်တင်ဒေါသမထွက်ဘဲ အေးအေးလူလူ ပြောင်းပေးသွားရှာတယ် Saint ကဘေးနားကို ပြန်လာပြီး မှောက်အိပ်နေမှ စိတ်ထဲ မှာ ပူပန်မှုတွေ လျော့ကျသွားတော့တယ်

.......

တစ်ကျောင်းလုံး အားကစားပွဲတော်ကြောင့် အလုပ်တွေ ရှုပ်နေကြသည်။basketball  ကွင်းကတော့ တော်တော်များများက ပင်မ ကွင်းကျယ်မှာ လေ့ကျင့်ကြတာကြောင့် ကျွန်တော်နဲ့ Saint နဲ့ကတော့ ကွင်းကျဥ်းမှာ ပဲလေ့ကျင့်ကြသည်။ basketball အင်္ကျီ နှစ်ယောက်သား ဝတ်ပြီးတော့ ကွင်းထဲကို ဝင်လာခဲ့လိုက်သည်။ဘောလုံးကို အရင်ပုတ်ပြီး Saint ဆီ ကမ်းပေးလိုက်တော့သူက ပိုက်ကွင်းထဲသို့ပြစ် သွင်းနေသည်။

နုနယ် ပြီးဖွေးဥနေတဲ့ လက်မောင်းတို့သည် ကြက်ဥလုံးလောက်လေးကြွက်သားတော့ရှိနေသည်။ဖွေးဥ ပြီး တင်းရင်းနေတဲ့ ပေါင်တံသွယ်သွယ်တို့ နှင့် ခြေသလုံးသည် လည်း မိန်းကလေး အရှုံးပေးရလောက်မည်။အသားအရည်က တကယ်ကို တောင်ကိုရီးယားသူလို လှပပြီး အပြစ်အနာဆာ လုံးဝ မရှိ
တစ်ကိုယ်လုံး အမွေးအမျှင်နည်းပါးလွန်းသည်လို့တောင် ပြောလို့ရလောက်တယ်

သူ့ရဲ့ အလှကို ဘယ်အရာ နဲ့ နှိုင်းယှဥ်ပြရမလဲ
နှိုင်းယှဥ်ပြမိတဲ့ အရာထက် Saint က အဆတစ်ရာသာမည်ကို ရဲရဲ ကြီး အာမခံရဲသည်။

"ဘာတွေ တွေးနေတာလဲ ရော့ မင်းပစ်ကြည့်"

နီရဲဖောင်းကားနေတဲ့ နှုတ်ခမ်းလေးတွေ က ပြုံးကာ ကွေးညွှတ်လျှက် ဘောလုံးကျွန်တော့်ဆီ ပစ်ပေးတော့ ကျွန်တော်လည်း ဖမ်းလိုက်ကာ အချက်ရေ အနည်းငယ်ပုတ်ပြီး ပိုက်ကွင်းထဲသို့ ပစ်သွင်းလိုက်သည်။

I'm so Sorry For that(Complete)Where stories live. Discover now