"ဘာ ငါ့ဘာသာငါကြိုက်တာ ဝယ်တာလေ မင်းစားချင်ရင်သွားဝယ်ပါ့လား သူမျာဆီက လုစာလိုက်တောင်းစာလိုက်နဲ့ အပြစ်က ပြောလိုက်သေးတယ်"

"ငါမင်းဆီက လုစားနေလို့လား အခုမှတောင်းစားနေတာလေ"

"မင်းနားနေခန်းမှာ ငါ့ပါးစပ်ထဲက လုစားသွားတာလေ "

Saint ရှက်လည်းရှက် ဒေါသကလည်း ထွက်လာသည်။ဒါပေမဲ့ နားနေခန်းထဲကအကြောင်းကို လူတွေရှေ့မှာ အော် မပြောသင့်မှန်းအခု မှ သဘောပေါက်လိုက်မိသည်။
ယောက်ျား ချင်းချင်းနမ်းတာပဲ ဟာဆိုတဲ့ ရောသောကောပေါ စကားကြောင့် အကျယ်တဝင့် လုပ်မနေဘဲ သကြားလုံး လုစားသွားလို့ဆိုသည့်ခေါင်းစဥ်အောက်ကို သွင်းလိုက်မိသည်။

"မင်းလား"

"ဟုတ်တယ် မှတ်မိပြီလား"

Perth ခုံကိုမှီကာ ထိုက်လိုက်သည်။မတ်တပ်ရပ်ကာ မာန်ဖီနေတဲ့ အရိုင်းလေးကိုမော့ကြည့်လိုက်ပြီး ဟစ်ကနည်း ရယ်ကာ အခန်းပြင်ပြန်ထွက်လာခဲ့လိုက်သည်။လူမိုက်ပုံသာ ဖမ်းလိုက်ရတာပါ

ငါတကယ်ပဲ Saint ကိုနမ်းလိုက်တာလား နေပါအုံး သူ့ရဲ့ နှုတ်ခမ်းက အဲ့လောက်တောင် နူးညံ့ပြီး ချိုနေတာကဘာလို့လဲ မိန်းကလေးတစ်ယောက်မဟုတ်ဘူးပေါ့

ခေါင်းကို တဗျင်းဗျင်း ကုပ်ကာ သန့်စင်ခန်းက ဘေစင်မှာ မျက်နှာ အကြမ်းပတမ်း သစ်ပစ်လိုက်သည်။

"ငါ့ပထမ ဦးဆုံးအနမ်းလေးက အတန်းထဲ အမြဲအိပ်နေတဲ့ အိမ်ခြေယာမဲ့လိုကောင်ဆီမှာတဲ့လား"

"မင်းက ဘယ်သူ့ကို အိမ်ခြေယာမဲ့လို့ပြောတာလဲ အိမ်ခြေယာမဲ့ဆီက မင်း မုန့်တောင်းစားတာမရှက်ဘူးလား"

"မုန့်လေးတောင်းစားတာကို ရေးကြီးခွင်ကျယ် ဘာလို့လာလုပ်နေတာလဲ "

"မင်းမုန့်တောင်းစားတာပဲလေ "

"ပြန်လျှော်မယ် ဟေ့ကောင် အပေါစား သကြားလုံးကို ဖြစ်ပျက်မနေနဲ့ ငါမနက်ဖြန်ပြန်လျှော်ပေးလိုက်မယ် ဗူး ၁၀၀ ဗူး၁၀၀ "

" အပေါစားသကြားလုံးကို မင်းကဘာလို့တောင်းစားနေလဲ မင်းတောင် အခု ဝယ်စားနိုင်လို့လား ဟမ်"

I'm so Sorry For that(Complete)Where stories live. Discover now