အခန်း(၅၂)

Bắt đầu từ đầu
                                    

"မင်းမြန်မြန်လုပ်စမ်း။"

ဟယ့်ကျောင်းသည် နဂိုတုန်းကတော့ဘာကိုမှမတွေးမိ ၊ သူထိုဘောပင်အပေါ်မြတ်နိုးမှုက တစ်အိမ်လုံးကနောက်ဆုံးမျိုးဆက်အပေါ်မြတ်နိုးမှုနှင့် သဏ္ဌာန်တူလေရာ ဘောပင်အဖုံးအားစမ်းမိပြီးကာမှ အသိပြန်ဝင်လာခဲ့တော့သည်။

ရှိန်ကျယ်မှာ ပြတင်းပေါက်နား၌ရပ်ရင်း ရှဲ့ယွီ၏ခြေထောက်က သူ့အစ်ကိုကျောင်းရဲ့ထိုင်ခုံအား ဆောင့်ကန်ချပစ်မည်ကို စောင့်နေမိ၏ ၊ လူဆိုတာ အဲ့လောက်ထိစိတ်ရှိသလိုလုပ်ပိုင်ခွင့်ရှိမနေဘူး ၊ လျှောက်ပြီးထိစမ်းနေတဲ့အတွက် အဖိုးအခတော့ပေးရလိမ့်မည်ဟု နားလည်သွားလေအောင် ကန်ချပစ်လိမ့်မည်ဟု။ သို့တိုင် စောင့်စောင့်နဲ့ ၊ ကျောင်းတက်ခေါင်းလောင်းသာထိုးလို့သွားသည် ရှဲ့ယွီကား မလှုပ်လာခဲ့ပါ။

အနောက်ဆောင်အစ်ကိုကြီးကလေ ထိုအတိုင်းပဲသူ့ထုံကျောကို ထိစမ်းခွင့်ပေးလို့ထားသတဲ့ ၊ ဟယ့်ကျောင်းက သူ့ကိုစကားပြောလာချိန်တွင်လည်း စကားပင်ပြန်လို့ပြောသတဲ့လေ။

စိတ်ကူးယဉ် အိပ်မက်ဆန်လိုက်တာ။

ရှိန်ကျယ်သည် စိတ်ထဲမှဆိုမိရ၏ ၊ ရက်အနည်းငယ်လေးမတွေ့လိုက်တာနဲ့ ကမ္ဘာကြီးကဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးပြောင်းလဲသွားရတာလဲ ? !





မနက်ပိုင်းနောက်ဆုံးအချိန်သည်ကား ကာယချိန်ဖြစ်လေရာ တစ်မနက်ခင်းလုံး နေလို့မကောင်းနေသည့် လော်ဝိန်ချန်မှာဆို ထိုအချိန်ကြခေါင်းပင်မကိုက်ပါတော့ချေ ၊ စိတ်အားတက်ကြွစွာဖြင့် ထရပ်လို့ပင်လာသည်။

"ဘော်ဒါတို့ ၊ ကွင်းမှာဆုံကြမယ်!"

ဟယ့်ကျောင်းသည် ထရပ်လိုက်၏။

"မင်းရဲ့ဒီပုံသာ လောင်ဝူကတွေ့သွားလို့ကတော့ ဒေါသထွက်သေလောက်မယ်။"

မကြာသေးခင်က သင်္ချာချိန်တွင် ဝူကျိန့်သည် လော်ဝိန်ချန်အား ကျောင်သင်ပုန်းထက်ပုစ္ဆာလာလို့တွက်ခိုင်းလေသည် ၊ လော်ဝိန်မှာဆို သူဒီနေ့အားအရမ်းနည်းနေလို့ မြေဖြူတောင်မကိုင်နိုင်ပါဟု ဆိုလာခဲ့သည်။ ယခု၌မူကား အသက်ဝင်လာလျက် အပေါ်ဝတ်ကိုပင်ချွတ်ကာ စာသင်ဆောင်ကနေ အားကစားကွင်းသို့ တိုက်ရိုက်ခုန်ကူးတော့မည့်အလားပင်ရှိသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ