Chapter 1

3.4K 80 15
                                    

2013 December 1

"Ai Saint သူ့နာမည်က Pet တဲ့ တကယ့်အိမ်မွေးခွေးလေးလိုပဲနော် ဒါလျှံတယ်"

မျက်ခုံးမွေး ထူထူတွေက ဖြောင့်စင်းနေပြီး မျက်လုံးနက်နက်လေးတွေက တကယ်ကိုဆွဲဆောင်မှု အပြည့် အုပ်ချထားတဲ့ နဖူးပေါ်က ဆံပင်လေးတွေ လေတိုက်တိုင်း လှုပ်ခပ်နေတာက အစ ကြည့်ကောင်းနေသလို နှုတ်ခမ်းပါးပါး လေးတွေ မေးရိုးသွယ်သွယ်နဲ့ အရပ်က ကျွန်တော်နဲ့ နည်းတူ ရှိတယ်

အဖြူရောင် ရှပ်ကို ကျကျနနဝတ်ဆင်ထားပြီး လက်ရှည်ကို တံတောင်လောက်ထိ ခေါက်ထားသည်။စမတ်ကျကျနဲ့ တကယ်ကြည့်လို့ကောင့်သည့်ပုံစံမျိုး

"သူက ထိုင်းလား "

"ဟုတ်တယ် ထိုင်းက အခုသူတတ်နေတဲ့ တက္ကသိုလ်က ဆိုလ်က လူချမ်းသာတွေ ပဲ တတ်လို့ရနိုင်တဲ့ တက္ကသိုလ် မင်း အထက်တန်း အတွက်လှုပ်ရှားရင် တက္ကသိုလ်ကောင်းကောင်း တတ်နိုင်လောက်မယ်"

"ငါက ဇီးရိုး လား ဝမ်းလား"

"ငါ့အထင် မင်းက ဝမ်းပဲ "

Saint လည်ပင်းက်ုချိုးလိုက်ပြီး လက်ဆစ်တွေကိုတစ်ဖျောက်ဖျောက်ချိုးလိုက်သေးသည်။ဒီကစားပွဲမှာ သူပဲ အနိုင်ရလောက်မှာ

"ငါအခုလှုပ်ရှားသင့်ပြီ"

ထိုလူ ကားပေါ်တတ်သွားသည်နှင့် Saint လည်း စက်ဘီးကို စတင်နင်း ကာ ကားရှေ့သို့ တည့်တည့် ဝင်တိုးလိုက်သည်။ပါကင်ထိုးထားရမှ ထွက်လာသည့် Pet ရဲ့ ကားနဲ့ သူနဲ့ က တစ်တန်းတည်းပင် နည်းနည်း ကပ်ညိသလိုဖြစ်သွားပြီး Saint ရဲ့ စက်ဘီးလဲ လဲကျသွားတော့သည်။ပွန်းသွားတဲ့ တံတောင်ဆစ်က သွေးတွေ တစ်စက်စက်

"Hey အဆင်ပြေရဲ့လား "

"ပြေနေတာမြင်လို့လား ကျွန်တော့် တံတောင်ဆစ်ကွဲ သွားတာကို "

"တောင်းပန်ပါတယ် ဗျာကျွန်တော် ဘာကူညီပေးရမလဲ ဆေးရုံလိုက်ပို့ပေးပါ့မယ် "

" ရတယ် ရတယ် ငါ့ အကို ကို ဖုန်းဆက်လိုက်မယ် မင်း ကို ရိုက်ခိုင်းရအောင်"

"အဲ့လို တော့မလုပ်ပါနဲ့  ကျွန်တော် တောင်းပန်ပါတယ် "

Pet က Saint ကို လက်အုပ်ချီမတတ်တောင်းပန်နေတာကြောင့် အတော်လေးရယ်ချင် စိတ်ကို ထိန်းကာ မျက်စောင်းသာထိုးလိုက်သည်။ လူကြောက်လေးပဲဗျ

I'm so Sorry For that(Complete)Where stories live. Discover now