အခန်း(၄၉)

9.2K 2K 271
                                    

伪装学渣
Wei Zhuang Xue Zha



ZAWGYI


လောင်နေပြီ


ရှဲ့ယွီ သူ့အားအမြဲလိုလိုခေါ်နေကြတို့မှာ ငပေါကောင် ၊ ဉာဏ်ရည်မမှီ စသည့်အမျိုးမျိုးသောထိုးနှက်သည့်စကားလုံးတွေပဲဖြစ်ပြီး တစ်ခုတည်းသော အစ်ကိုဆိုသည့်စကားလုံးပါသည့်ဟာဆိုလျှင်လည်း 'ငရွအစ်ကို' ဆိုတာပင်ဖြစ်လေရာ နားထောင်ရသည်မှာဆို ဘယ်လိုမှကောင်းသည့်စကားမဟုတ်ခဲ့။

ထို့ကြောင့်ပင် ရှဲ့ယွီ၏ "ကျောင်းကော" ဆိုသည့်ထိုတစ်ခွန်းမှာဆို အသံအနိမ့်အမြင့်မပြောင်းလဲပဲ လေသံကပုံမှန်အတိုင်းပင်ရှိသည့်တိုင် ဟယ့်ကျောင်းကတော့ဖြင့် ခေတ္တမျှကြက်သေသေသွားခဲ့ပါ၏။

လက်က တူကိုပင်ကိုင်မထားနိုင်တော့လုနီးဖြစ်သွားရသည်။

သူအသိပြန်ဝင်လာချိန်မှာတော့ နောက်ဆုံးကျန်သည့်ပြောင်းဖူးအား လော်ဝိန်ချန်ကလက်ဖြင့်ကောက်ယူသွားပြီးဖြစ်တော့သည်။

လော်ဝိန်ချန်မှာ ခြေထောက်တစ်ဖက်ကထိုင်ခုံပေါ်တင်ထားပြီး အရှက်မရှိမျက်နှာပြောင်တိုက်လွန်းကာ စားရဖို့အရေးအစွမ်းကုန်သုံး၍ တူကိုပင်ချလို့ပစ်ပြီးလက်နဲ့ကိုနှိုက်လာသည်။

"ဟားဟားဟားဟားဟား အစ်ကိုကျောင်း ၊ ရှုံးပြီလို့သာဝန်ခံလိုက်စမ်းပါ!"

ရွှီချင်ချင်ကပြောလာသည်။

"အားကစားကိုယ်စားလှယ် ၊ ငါ နင့်ကိုဒီလိုမျိုးလို့ထင်ကိုမထားဘူး။"

လျှိုချွိင်ဟောက်သည်လည်း ခေါင်းကိုခါယမ်းလို့လာသည်။

"ငါလည်းထင်မထားဘူး. . .  . . . အစားအသောက်အတွက်နဲ့ ချက်ချင်းကလီကမာကျလာတော့တာပဲ ၊ မင်းငါ့ကိုပြောစမ်း မနေ့ကညစာပဲစားမထားတာဟုတ်လို့လား ၊ မင်းမနေ့ကတစ်နေ့လုံးစားမထားပဲနေတာများလား။"

လော်ဝိန်ချန်က ပြောင်းဖူးကိုက်ရင်းမှ ရှင်းပြလေသည်။

"မဟုတ်ရပါဘူး မဟုတ်ရပါဘူး ၊ ငါကိုယ်ကအစားကြီးတဲ့သူမို့လို့ပါ။"





ဟယ့်ကျောင်းသည် လည်ချောင်းရှင်းလိုက်ပြီးနောက် ဘာလုပ်ဖို့အစ်ကိုလို့ခေါ်တာလဲဟုပြောမည်ပြင်ခိုက်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now