အခန်း(၄၇)

Start from the beginning
                                    

ထို့အပြင်ကို ယခုအချိန် ၊ သွယ်လျပြီးဖြူဖွေးရှင်းသန့်နေသည့် လက်ချောင်းကွေးကလေး ၊ လက်သန်းလေးက အင်္ကျီလက်အနားအားဖွဖွလေးချိတ်ကိုင်လို့ထား၏။

ဟယ့်ကျောင်းသည် စားပွဲကိုခေါက်လိုက်ပါသည်။

"ကလေးလေး ၊ အိပ်မက်အကြောင်းဘာရေးထားလဲ?"

ရှဲ့ယွီ၏လက်ချောင်းတို့ကတန့်သွားခဲ့၏ ၊ အန်တီမေနှင့်စကားပြောနေခြင်းဖြစ်သည် ၊ ယခုတလောကွမ်မောက်ဈေးဘက်မှာ ကုန်ပစ္စည်းပမာဏများမများ အန်တီမေ့ကိုမေးနေတာဖြစ်ပြီး အဲ့လောက်ပိုက်ဆံလေးကိုနှမြောမနေနဲ့ လူမလောက်ရင်ထပ်ခေါ်ဟုဆိုနေခိုက် စကားလမ်းကြောင်းပြောင်းသွားခဲ့သဖြင့် မတုံ့ပြန်လိုက်နိုင်။

"ဟမ်?"

ထို့နောက်မှာတော့ သူသည်ဟယ့်ကျောင်းအကြည့်အတိုင်းလိုက်လို့ကြည့်ရာ ကြော်ငြာသင်ပုန်းအားမြင်သွားခဲ့သည်။

ထိုစာရွက်ထက်တွင်ကား စိတ်ထဲပေါ်ရာချရေးထားကြခြင်း ၊ ဘာအိပ်မက်တွေလဲဆိုသည်ကို ထိုအသဲပုံဖြစ်နေသည့်ထက်ဖြည့်စွက်ကာ အများမြင်အောင်ပြသထားသည်မှာ အမူပိုလွန်းလှသည်။ သို့တိုင်အခန်း(3)ကကျောင်းသားများ၏ ကမ္ဘာထဲ၌သည်ကား 'တက္ကသိုလ်ဝင်စာမေးပွဲ' ဆိုတာသာလျှင်လှည့်ပတ်လျက်ရှိလေရာ ဝမ့်သာတို့တစ်တွေမှာ စာရွက်လေးတွေယူလျက် ဟီးဟီးဟားဟားဖြင့်စိတ်ထဲသိပ်မထားဘဲရှိကြသည် - "အိပ်မက် ! Fudan တက္ကသိုလ်ကငါ့ရဲ့အိပ်မက်ပဲ ! "

"Fudanဆိုတာကို မေ့လိုက်စမ်းပါ ၊ Fudan milk teaပဲရမယ်။"

လျှိုချွိင်ဟောက်သည် သူ့အားသရော်လို့လာပြီး သရော်ပြီးနောက် ကိုယ်ကိုယ်တိုင်ကြစိတ်ကူးယဉ်လို့လာသည်။

"ငါကတော့လေ ၊ ငါကကမ္ဘာကြီးကိုကယ်တင်ချင်တာ။"

ဝမ့်သာသည် အတန်းခေါင်းဆောင်၏ခေါင်းအား ရိုက်ချပစ်လိုက်၏။

"မင်း ငါနဲ့အတူသာ Fudan milk teaသောက်စမ်းပါ ၊ စဉ်းစားမနေနဲ့။"

ဆယ်ကျော်သက်အရွယ်မျှသာရှိသေးကြလေရာ မိမိကိုယ်ကိုယ်ဘာဖြစ်ချင်သည်ဆိုတာ ရှင်းရှင်းလင်းလင်းမဆုံးဖြတ်နိုင်ကြသေး ၊ အိပ်မက်ဆိုသည့်ထိုအရာနှင့်က အတန်ငယ်အလှမ်းဝေးလို့နေသေးသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now