အခန်း(၄၇)

Start from the beginning
                                    

ရှဲ့ယွီသည်ကား ဖုန်းသုံးလို့နေပြီး တစ်ခါတစ်ရံအပြင်သို့နှစ်ချက်ခန့်လှမ်းလှမ်းကြည့်ကာ ဘာထူးခြားမှုမှမတွေ့သည့်အခါ ခေါင်းပြန်ငုံ့သွားတတ်သည်။

ဟယ့်ကျောင်းသည် ရှဲ့ယွီရှေ့ကစားပွဲထက်တက်လို့ထိုင်လိုက်၏ ၊ ကျောင်းသင်ပုန်းအားကျောပေးလို့ထားပြီး ဖဲကစားနေသည့်တစ်စုထံဝေ့ကြည့်လိုက်ရင်းမှ တဖန်ခေါင်းထောင်၍ လက်တလောအခန်း(3)ကပြုလုပ်ထားသည့် ကြော်ငြာသင်ပုန်းထက်အကြည့်ရောက်မိသည် --- --- ကိုယ့်ရဲ့မျှော်မှန်းချက်အိပ်မက်။

အခန်း(3)၏ကြော်ငြာသင်ပုန်းသည်ကား အလွန်ကိုဝတ်ကျေတန်းကျေမျှသာလျှင်ရှိသည် ၊ တစ်ခန်းလုံးတွင် အယောက်(၃၀)ကျော်ခန့်ရှိသည့်တိုင် ပုံဆွဲတော်တဲ့သူကားတစ်ယောက်မှမရှိ။ ရွေးချယ်စရာလည်းရှိမနေရာ ထိုအပေါ်၌အချိန်ကုန်ခံမနေကြတော့ချေ။

သို့တိုင် တီထွင်ဖန်တီးနိုင်စွမ်းကတော့ သစ်လွင်လှ၏ ၊ ကျောင်းသားတိုင်းအား စာရွက်ထက်ဆုတောင်ဆန္ဒတွေရေးခိုင်းလျက် တိတ်ဖြင့်ကပ်ခိုင်းပြီး အဆုံးမှာတော့မသေမသပ်ရှိလှသည့် အသည်းပုံတစ်ခုထွက်ပေါ်လာတော့သည်။

ထိုဘာမဟုတ်တဲ့အရာလေးပေမယ့် ထန်စန်းကတော့အဖိုးတန်လေးသဖွယ်မှတ်ယူကာ ကင်မရာဖြင့်အပြန်ပြန်အလှန်လှန်ကိုဓာတ်ပုံရိုက်ယူထားတော့သည်။





အနောက်ဆောင်အစ်ကိုကြီးမှာ ကျောင်းဝတ်စုံကိုသာဝတ်လို့ထား၏ ၊ လတ်တလောပိုင်းရာသီဥတုကလည်း အေးလာနေပြီဖြစ်တာကြောင့် အအေးကြောက်သည်ထင် ကျောင်းဝတ်စုံအပေါ်၌ အပေါ်ဝတ်တစ်ထည်ထပ်ဝတ်လို့ထားလေသည် ၊ အင်္ကျီလက်အတွင်း လက်တစ်ဝက်လောက်ကဝင်နေလျက် လက်ချောင်းကလေးတွေသာတစ်ဝက်သာသာပေါ်ထွက်လို့နေပြီး စခရင်ထက်စူးစိုက်၍ ဖုန်းပွတ်ကာနေသည်။

ရှဲ့ယွီ၏ရံဖန်ရံခါပြုမူလာတတ်သည့် လှုပ်ရှားမှုသေးသေးလေးတွေလာဆိုလျှင် သိပ်ကိုနူးညံ့သိမ်မွေ့လှသည်ဟု လူကိုခံစာရစေသည်။ ဥပမာဆိုရသော် နေ့စဉ်မနက်ပိုင်းself-studyချိန်အိပ်ပြီးလို့ နိုးထလာစဉ်၌ရီဝေဝေမျက်လုံးလေးများဖြင့် လူကိုကြည့်လာသည့်အချိန် ၊ ပြီးတော့ အမြဲလိုလိုနှုတ်မှ ငါ့စောက်လုပ်မဟုတ်ဘူးဟု ဆိုပြီး ခဏကြာလျှင်တော့ သူ့ထံအမေးသင်္ကေတလေးပို့လာတတ်သည့်အချိန်များ။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now