အခန်း(၃၉)

Start from the beginning
                                    

"မေရမိဘူး။"

"ဆယ်ခါကျော်ကျော် လောက်တော့ရှိပြီထင်တယ်။"

ဟယ့်ကျောင်းသည်ပြောပြီးနောက်၌ ကိုယ်တိုင်မှာကြမ်းပြင်ကိုပဲစိုက်ကြည့်မနေနိုင်တော့ကြောင်း သိလိုက်ရသည်။ အကြည့်တို့ကစတင်ရွေ့လျားလို့နေပြီး ဖြည်းဖြည်းချင်းနဲ့ ရှဲ့ယွီ၏လည်တိုင်ထက်ရောက်ရှိလို့သွားခဲ့တော့၏။ ထိုလည်တိုင်သည်ကား အံ့သြစရာကောင်းလှအောင်ပင် လှပလျက်ရှိကြောင်း တွေ့ရှိလိုက်ရပြီး အဆုံးတွင်မူ ကိုယ်ကိုယ်တိုင်ကိုပဲဖြစ်မလား သို့တည်းမဟုတ် ရှဲ့ယွီကိုပဲလားမသိပြောလိုက်မိပါတော့သည်။

". . .  . . . ထပ်ပြီးသည်းခံထားဦး။"

ဟုတ်ပြီ ၊ ရတယ်။

သူသည်းခံရမယ်။





ရှဲ့ယွီသည် စပြီးလဲလျောင်းနေရတုန်းကဆိုလျှင် ဒူးကိုမြှောက်ပြီးအပေါ်ကထိုလူအားကန်ချပစ်ချင်မိလှသည်။ သူသည်မျက်နှာကိုတည်ထားရင်းမှ ကိုယ့်ကိုယ်ကိုယ်ကြောင်လိုက်တာဟုလည်း တွေးမိလာ၏ ၊ မေးခွန်းလွှာတွေထိုင်လုပ်မနေပါဘဲနဲ့ ဘာကိစ္စကာယချိန်လာတက်မိရတာပါလိမ့်။

စိတ်တည်ငြိမ်သွားပြီးနောက်မှာတော့ သူသည်ခဏနေထလို့ရချိန်ကြ မည်သူ့ကိုဦးဆုံးသွားသတ်သင့်သလဲဟု စတင်တွေးတောမိလာသည်။

ရှဲ့ယွီအား အတင်းအကျပ်ဆွဲခေါ်လာပြီး ကာယချိန်တက်ခိုင်းပါသည့် လော်ဝိန်ချန်တစ်ယောက်မှာတော့ ကွင်းထဲလေ့ကျင့်လျက်ရှိနေရင်းမှ ဘာမဆိုင်ညာမဆိုင်ကျောချမ်းသွားခဲ့ရ၏ ၊ ရာသီဥတုကတကယ်ကြီးကို အေးလာသလိုရှိတာကြောင့် သူသည်လက်မောင်းတို့အားပွတ်သပ်လိုက်မိပါချေသည်။

ဟယ့်ကျောင်းသည်ကား သာမန်ချိန်များဆို ခြေဆော့လက်ဆော့လုပ်ရခြင်းအား ကြိုက်နှစ်သက်သူဖြစ်လင့်ကစား တကယ်ဒီလိုအချိန်မျိုးရောက်လာချိန်မှာတော့ အတော်လေးထိန်းချုပ်ထားရှာပါ၏. . .  . . . ရှဲ့ယွီသည် ဟယ့်ကျောင်းကိုယ်ထက်က ထွက်ပြေးလွတ်မြောက်ချင်နေလေသည့်အငွေ့အသက်အား ခံစားလိုက်မိရသည် ၊ နောက်တစ်စက္ကန့်မှာကို ထွက်ပြေးချင်နေပေသည့်တိုင် ချုပ်ထိန်းထားသည်မျိုး။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now