အခန်း(၃၉)

9.2K 1.8K 111
                                    

伪装学渣
Wei Zhuang Xue Zha



ZAWGYI


အချစ်နှင့် ငြိမ်းချမ်းရေး


"အားတင်းထားမယ် ၊ ယောက်ျားကောင်းဆိုတာ ရည်မှန်းချက်တွေပြင်းပြနေရမယ် ၊အနာဂတ်ကမှောင်မိုက်နေရင်တောင် အလုံးစုံတော့မှောင်မိုက်နေတာမဟုတ်ဘူး။"

ကာယဆရာမှာ ဆောင့်ကြောင့်ထိုင်ရတာညောင်းလို့လာသည့်အခါ အောက်သို့ထိုင်ချလိုက်ပါပြီး ခေါင်းငုံ့၍အချိန်အားကြည့်ကာ ဝီစီအားမှုတ်လိုက်ပြန်သည်။

ဟယ့်ကျောင်းသည် ကိုယ်ကိုပြန်မတ်ထားရတာပင်မကြာသေး ထိုစကားတစ်ခွန်းအားကြားလိုက်ရသည့်အခါ တဖန်ပြန်လို့နိမ့်ချရပြန်သည်။ သူသည် တုံ့နှေးသွားခဲ့ရ၏ ၊ အနှီတစ်စုံတစ်ယောက်သော ကလေးလေးအား သူသည်ဆက်လက်ပြီးစိုက်ကြည့်မနေနိုင်တော့ခြင်းပေ ၊ ဆက်သာကြည့်နေမိပါက နောက်ထပ်(၁၀)ခေါက်လောက်တောင် ဆက်လုပ်နိုင်တော့မည်မဟုတ်ဆိုတာပင် ၊ ဤသို့ဖြင့်သူသည်ခေါင်းအားတစ်ဖက်သို့လှည့်ထားလိုက်မိပြီး လည်စလုတ်လေးမှာလည်း မတတ်နိုင်စွာဖြင့် နိမ့်ချည်မြင့်ချည်လှုပ်ရှားသွားကြချေသည်။

ဒီတစ်ခေါက်မှာတော့ ဟယ့်ကျောင်းသည် တုံ့နှေးသွားခြင်းမျိုးမရှိတော့ ၊ သူသည်ဒီဒိုက်ထိုးနေခြင်းအား မြန်မြန်အဆုံးသတ်စေချင်နေမိပြီဖြစ်သည်။

နှစ်ဦးသားသည် အကြည့်တွေလွှဲလို့ထားကြပြီး ဟယ့်ကျောင်းသည်ကား အားကစားကွင်း၏ကြမ်းခင်းထက်သို့သာ ပန်းတွေပွင့်လာတော့မတတ်စိုက်ကြည့်ထားနေမိသည်မှာ ရှဲ့ယွီသူ့အားမေးလာချိန်အထိပင်။

"ဘယ်လောက်ရှိပြီလဲ?"

"အာ. ."

ဟယ့်ကျောင်း၏ဦးနှောက်မှာ အလုပ်ကောင်းစွာမလုပ်တော့ဘဲ အခေါက်ရေမှတ်ထားဖို့လည်း မစွမ်းသာနိုင်ပါချေ။

"ငါလည်းမသိဘူး ၊ မင်းရောရေမထားဘူးလား?"

ရှဲ့ယွီသည် ခေါင်းကိုစောင်းထားလေရာ ထိုအနေအထားအတိုင်းဆို အပေါ်သို့သာကြည့်လို့ရနိုင်မည်ဖြစ်သည်။ အားကစားကွင်းအမိုးထက်၌ ရောင်ခြည်တန်းအနည်းငယ်ကဖြာကျလို့နေပြီး ထိုအပေါ်တွင်တော့လေးထောင့်ကွက်သဏ္ဍာန်တို့ဖြင့် ဖန်သားပြင်ကြီးရှိ၏။ ရှဲ့ယွီသည်ခေတ္တမျှနှုတ်ဆိတ်နေပြီးကာမှ ဆိုလိုက်ပါသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now