Chapter 90

353 50 2
                                    

၉၀။ (စိတ်ကောင်းဝင်ခြင်း)

ရှဲ့ချောင်သည် တကယ်ကိုပင် အားနည်းဟန်ဆောင်ခဲ့ခြင်းမဟုတ်ပေ။သူမသည် ထိုကဲ့သို့သာ‌မွေးဖွားလာခဲ့ရခြင်းဖြစ်၍ ထိုအရာကို ဖုံးကွယ်ထားရန်မှာသူမအတွက်ခက်ခဲလှသည်။

သူမ၏ မျက်နှာသည် နေ့လည်ခင်းကျစ်ကျစ်တောက်ပူနေသည့်နေရောင်အောက်တွင် ပိုပြီးအားနည်းနေပုံပေါ်သည်။

သူမသည် နေရောင်အောက်တွင်သာ ထိုင်နေခဲ့မည် ဆိုလျှင် သူမ ခံစားရတာ ပိုပြီးကောင်းလာပေမည်။

နေ့ခင်းချိန်၏ ယန်စွမ်းအားသည် ပိုပြီးအားကောင်းသည်။

" ကျန်တဲ့သူ‌တွေကို ထိုင်ခိုင်းလိုက်" ‌ကျောက်ရွှမ်ကျင်းက ပြောလိုက်သည်။ သူဘေးရှိ မုန့်များကိုပါကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။ 

" သူတို့ကို မုန့်တွေပါပေးလိုက်"

ထိုသို့ပြောတာကို ကြားလိုက်ရသည်နှင့် အနား‌တွင်ရှိနေကြသော ဆရာများမှာ အတော်လေးရှုပ်ထွေးသွားရသည်။ 

" အရှင့်သားက ဘာလို့ ဒီနေ့မှ အရမ်း….."

ရက်ရောနေရတာလဲ။

" မင်းတို့က ငါကအရင်တည်းက မနွေးထွေးဘူးလို့ ထင်နေကြတာလား။ ဒါမှမဟုတ်ရင် ငါက ကျောင်းသားတွေကို အနိုင့်ကျင့်တယ်လို့ ထင်နေတာလား။" ကျောက်ရွှမ်ကျင်းက အေးစက်စွာနှင့်မေးလိုက်သည်။

ရှဲ့ချောင်သည် ဒါကိုကြားလိုက်ရပြီး ထိုလူပြောင်းလဲသွားပုံရသည် ဟု ခံစားလိုက်ရသည်။ သူသည် ရှီးဖန်မြို့နားတွင်ရှိခဲ့စဉ်က သူ၏ သဘောထားအမြင်သည် အေးစက်ခဲ့ပုံ‌မပေါ်ပဲ အလွန်ကို နွေးထွေးကြင်နာခဲ့သည်။

" မဟုတ်ပါဘူး" သူ၏ ဘေးနားတွင်ရှိနေသော ‌ဆရာမှာ မျက်ခွံလှုပ်သွားခဲ့ရသည်။ " အရှင့်သားက ကျောင်းတော်မှာရှိကြတဲ့ ကျောင်းသားတွေကို အမြဲဂရုစိုက်တယ်ဆိုတာ အားလုံးသိကြပါတယ်"

ဆရာအနည်းငယ်သည် ထိုစကားကိုကြားသည့်အခါ သရော်လိုက်ကြသည်။ 

ဂရုစိုက်တယ်တဲ့လား၊

မှန်သည်။ သူက တော်ဝင်ကျောင်းသားတွေကို ကွဲပြားစွာ ဆက်ဆံခဲ့သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWo Geschichten leben. Entdecke jetzt