Chapter 22

734 92 0
                                    

Chapter:22 (ပုပ်ပွနေသော အရိုးများ)

မကောင်းဆိုးဝါးဝိဉာဉ်က သူ၏လက်များကိုပွတ်လိုက်သည်။

"ကျွန်မ ဒီကိစ္စမှာ ဘာမှ အာမ မခံ ပေးနိုင်ဘူး။ မင်္ဂလာရှိတဲ့ဒီနေရာက ရှင့်ရဲ့မျိုးဆက်တွေကို ကံကောင်းခြင်းတွေ ယူလာပေးမှာပါ။ ဒါပေမယ့် ရှင်ကိုယ်တိုင် အခွင့်အရေးကို မဖမ်းဆုပ်ရင်တော့ ဒါတွေအကုန် အချည်းနှီးဘဲ"
ရှဲ့ချောင် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

" ဟုတ်ပြီ ဟုတ်ပြီ ကျုပ်နားလည်ပြီ" မကောင်းဆိုးဝါးဝိဉာဉ်က အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။
"ကျုပ်တို့ကိုယ်တိုင်အပါ်ပဲ မူတည်တာပါ!”

လူတစ်ယောက်က မည်မျှပင်သန်မာစေကာမူ ကံမကောင်းလျှင်တော့ ဘာမှ ရနိုင်မည်မဟုတ်ပေ။ ကောက်ရိုးမရှိဘဲ အုတ်ဖုတ်ချင်လို့မရ သလိုပင်။

"ပြောရရင် ဒီဒေသရဲ့ တောင်တန်းတွေနဲ့ ရေကြောင်းတွေက လူတွေကို စောင့်ရှောက်မှာပါ။ ဒီနယ်မြေမှာ တောင်ကုန်းတောင်တန်းတွေ မရှိတဲ့နေရာလို့ကို မရှိသလောက်ပဲဆိုတော့ နယ်မြေအခြေအနေက တော်တော်လေး
ကောင်းတယ်။ လိုက်နာရမှာတွေကို ရှင်မချိုးဖောက်သရွေ့တော့ ရှင့်ရဲ့မိသားစုမှာ ဘာပြဿနာမှ ကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီနေရာရဲ့ အဓိကသော့ချက်က ရေကြောပဲ။" 
ရှဲ့ချောင်က အနည်းငယ်မော့ကြည့်လိုက်ကာ
" ဒီနေရာကို ရှင် ဘယ်လိုမြင်လဲ"

ရှဲ့ချောင်ရဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

မကောင်းဆိုးဝါးဝိဥာဥ်သည် ကြည့်ရန်အတွက် သူ့ခေါင်းအား မော့လိုက်သည်။ ထိုနေရာအား အချိန်တစ်ခဏကြာ စိုက်ကြည့်ပြီးသော်လည်း သူနားမလည်နိုင် ဖြစ်နေဆဲပင်။

သူက ခေါင်းခါလိုက်သည်။

"ရှင့်အကြိုက် မဟုတ်ဘူးလား" ရှဲ့ချောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး ၊ ကျုပ်က ကောင်းလားဆိုတာကို မသိတာပါ" မကောင်းဆိုးဝါးဝိဥာဥ်သည် စိတ်လှုပ်ရှားလာသည်။

"ရှင်က ရှင်ကိုယ်တိုင် အနားယူရမယ့်နေရာကိုရှာနေတာဆိုတော့ ရှင့်အကြိုက်ဖြစ်ဖို့လိုတယ်" ရှဲ့ချောင်က မသဲမကွဲ ရေရွတ်လိုက်သည်။ "အနီးနားမှာ စမ်းချောင်းသေးသေးလေး တစ်ခုရှိတယ်၊ အဲ့ဒီက စီးလာတဲ့ရေတွေက ဒီမြေနားမှာ ချောင်းကွေ့လေးဖြစ်နေတာ"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now