Chapter 51

429 65 0
                                    

Chapter 51: (ငွေစ 5000 ၏ တန်ဖိုး)
ရှဲ့ချောင် စိတ်မဝင်စားသလိုပင် တုံ့ပြန်ခဲ့သည်။
သူမ ပျော်လည်း မပျော်သလို ဝမ်းလည်း မနည်းပါ။
သူမ ခြံဝင်းသို့ တည်ငြိမ်အေးဆေးစွာ ပြန်လာခဲ့သည်။
သို့သော် မျက်စိတမှိတ်အတွင်း ရှဲ့နျိုရှန်း၏ သဘောထားသည် အစေခံအားလုံးဆီကို ပြန့်သွားတော့သည်။
ထိုအခါ လူတိုင်းနီးပါးက ရှဲ့မိသားစု၏ ပထမသခင်မလေးသည် အပြင်လူဖြစ်သော ဖေ မိန်းကလေးလောက် အချစ်မခံရတာကို သိသွားကြသည်။
ဖေဝမ်ယွဲ့ ခြံဝင်းသည် အငယ်ဆုံး သခင်မလေး၏ ခြံဝင်းနှင့် ကပ်ရပ်ဖြစ်ပြီး သူမကို ကာကွယ်စောင့်ရှောက်ပေးနေသော အိမ်ထိန်းပါ ရှိနေသည်။ သူမ တကယ်ပဲ ဂရုစိုက်ခံနေရလေပြီ။
ရှဲ့ချောင်သည် သူမ ခြံဝင်းတွင် သုံးရက် အနားယူခဲ့သည်။
ထို သုံးရက်အတွင်း သူမ စာ နှစ်စောင် ရေးကာ အပြင်ကို ပို့လိုက်သည်။
ယခုဆိုလျှင် သူမ တော်ဝင်ကျောင်းတော်၏ အခြေအနေအား အကြမ်းဖျင်း သိရှိနေပြီဖြစ်သည်။
ထင်ထားသည့်အတိုင်း ယောကျာ်းလေး နှင့် မိန်းကလေး စာရင်းသွင်းရာတွင် ခြားနားမှု ရှိသည်။ ယောကျာ်းလေးများ ဝင်ခွင့်ရခြင်းသည် ဂုဏ်ယူစရာ ဖြစ်လေသည်။ မိန်းကလေးများ ဝင်ခွင့်စာမေးပွဲတွင် ရလဒ်ကောင်း ရအောင်လုပ်ခြင်းသည် အာရုံစိုက်ခံချင်၍သာဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် အများစုသည် ငွေကြေးဖြင့် ဝင်ခွင့်ရရန်သာ ရွေးချယ်လုပ်ဆောင်ကြတော့သည်။
ပြင်ပတွင် နေထိုင်ခဲ့သော အဆင့်လေး အရာရှိ၏ သမီးအကြီးဆုံး အနေဖြင့် သူမ၏ ဘဝမှန်ကို အများမသိအောင် နေထိုင်ခြင်းက ပိုကောင်းပေမည်။ အမှန်တကယ် သူမက စာဖတ်ချင်၍သာ ဝင်လာခြင်းဖြစ်သည်။ သူမ ကြိုးကြိုးစားစား လုပ်ဖို့ မလိုအပ်ပေ။
တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ပါရမီထူးချွန်သည်။ သူသည် အသိပညာကြွယ်ပြီး အငြိမ်းစားယူထားသော တော်ဝင်ဆရာ တစ်ဦး ဖြစ်သည်။
တော်ဝင်ကျောင်းတော်၏ ပုံရိပ် ကျမသွားစေရန်အလို့ငှာ ငွေကြေး တိုက်ရိုက် ပေးလို့မရပေ။ ထို့ကြောင့် လူတိုင်း ငွေစ 5000  တန်ဖိုးရှိသော ပစ္စည်းသာ ပေးနိုင်လေသည်။
အပေါ်ယံအားဖြင့် အဆင်ပြေပေသည်။
သူမအဖေက ငွေသားအစစ်ကို ပေးခဲ့သည်။ ထိုမျှမက သူက ကျောင်းအုပ် ရှေ့တည့်တည့်မှာပင် အရှက်မဲ့စွာ ထားခဲ့သေးသည်။
မည်သူမျှ သူ့ကို မောင်းမထုတ်ရဲပေ။ သူက ရုပ်ဆိုးကာ ခေါင်းမာပုံ ပေါ်သဖြင့် မည်သူမှ မဆန့်ကျင်ရဲသောကြောင့် ဖြစ်သည်။
သူမ ကျောင်းသို့ ရောက်လာသောအခါ အတော်လေး အလျင်လိုနေခဲ့သည်။ ထို့ကြောင့် အဖိုးတန် ပစ္စည်းတခုမှ ယူမလာခဲ့မိပေ။
သူမကိုယ်သူမ ထူးခြားအောင်သာ လုပ်ရတော့မည်။
ခဏ စဥ်းစားပြီးနောက် ရှဲ့ချောင်က မှင်၊ စာရွက်နဲ့ ပစ္စည်းအချို့ ဝယ်ရန် ထွက်သွားသည်။
ဖေဝမ်ယွဲ့ သည် ရှဲ့ချောင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
“ သူမ ဘာလို့ မှင်၊ စုတ်တံ၊မှင်သွေးကျောက် နဲ့ စာရွက်တွေ ဝယ်နေတာပါလိမ့်?” သခင်မ လု ဆက်ခနဲ တွန့်သွားသည်။
“အမချောင် ဝယ်ခဲ့တဲ့ စာရွက်က သာမန် စာရွက်ထက် အများကြီး စျေးပိုကြီးတယ်” ဖေဝမ်ယွဲ့ စိတ်မပါသလို ပြောလိုက်သည်။
“အပိုဖြုန်းတီးတာ” သခင်မ လုက ပြောနေကျအတိုင်းသာ ပြောလိုက်သည်။ သူမ ပြောပြီးချိန် တခုခုအား ရုတ်တရက် သတိရသွားသည်။ “ ဒီကောင်မလေး ပြန်လာပြီးကတည်းက ပိုက်ဆံအကြောင်း တခါမှ မပြောဖူးသေးဘူး…”
အရင်ရက်တွေက ရှဲ့ချောင်က သူမ ပိုက်ဆံနဲ့ပဲ စားစရာတွေ ဝယ်နေခဲ့တယ်လို့ ဆိုလိုတာလား?
ရှဲ့ချောင်၏ ခြံဝင်းထဲတွင် အဘွားကြီးတစ်ယောက်နှင့် အစေခံ ၁ယောက်သာ ရှိသည်။
ခြံဝင်းထဲတွင် မီးဖိုချောင်ငယ် တခုလည်း ရှိသည်။ ရှဲ့ချောင် လိုအပ်တာများကို ဖန်အဘွားအား ဝယ်ခိုင်းလို့ရသည်။
သခင်မ လု အနည်းငယ် တွန့်သွားသည်။  တစ်ယောက်ယောက်အား ရှဲ့ချောင် ပစ္စည်းများ ပို့ ခိုင်းရမလားဟု စဥ်းစားမိလေသည်။ ထိုကလေးမ သူမယောကျာ်းအား မကျေမနပ် ပြန်တိုင်လျှင် သူမ အပြစ်ပေးခံရနိုင်သည်။
“ ဦးလေးရှဲ့ အဲကိစ္စအကြောင်း ဘာပြောမလဲ ဆိုတာ မမြင်ချင်ဘူးလား၊ အမေ? စောင့်ကြည့်ရအောင်၊ ဦးလေး ရှဲ့ သဘောမကျရင် တစ်ယောက်ယောက်ကို သူမ ပစ္စည်းတွေ တခါတည်း ပို့ခိုင်းမှာပဲ” ဖေဝမ်ယွဲ့က ပြောလိုက်သည်။
သခင်မ လုက မျက်မှောင်ကြုံ့ရင်း “ သူ စိတ်ဆိုးလာရင်ရော ဘယ်လိုဖြစ်မှာလဲ?”
ဖေဝမ်ယွဲ့ က ရီလိုက်သည်။ “ ဦးလေးရှဲ့ စိတ်ဆိုးမယ်လို့ ထင်လို့လား?၊ ရှဲ့ဖင်းကန်း နဲ့ ရှဲ့ရှီတို့ နေ့တိုင်း စားတဲ့ပမာဏကို ထိန်းချုပ်တာနဲ့တင် အမေ့အတွက် အလုပ် အရမ်းများနေပြီလေ၊ ရှဲ့ချောင် ပစ္စည်းလိုရင် သူမကိုယ်တိုင် စတိုခန်းမှာ သွားယူတယ်လို့ အမေပြောလိုက်ရုံပဲ မဟုတ်လား?”
သခင်မ လုက အပြောခံရမည်အား စိုးရိမ်နေသော်လည်း ရှဲ့နျိုရှန်းကတော့ သူမအားချစ်သည်လေ။ သူက ထိုကိစ္စအတွက်နဲ့တော့ သူမနဲ့ အငြင်းပွားမည် မဟုတ်ပေ။
ထိုသားအဖ နှစ်ယောက် ထိုမိန်းကလေးကို မည်မျှ တန်ဖိုးထားကြောင်း သူမ ကောင်းစွာ မြင်နိုင်သည်။
••••••••
ထိုအချိန်တွင် ရှဲ့ချောင်မှာ သခင်မလု သူမအား မည်သို့ စဥ်းစားနေလဲ မသိပေ။
သူမ ရှေ့မှ စာရွက်အား စိုက်ကြည့်ရင်း အခက်အခဲကြားထဲ ရောက်နေသလို ခံစားလိုက်ရသည်။
သူမ ဘာပုံ ဆွဲသင့်လဲ? သူမ ငွေစ 5000 တန်ဖိုးရှိသည့် ပန်းချီကားကို ဆွဲရမည်….။
သဘာဝ ရှုခင်းပုံလား? ထိုပန်းချီကားသည် စိတ်ဝင်စားစရာ မကောင်းလောက်ပေ။ ထို့ပြင် သူမက အားနည်းနေသည်။ သဘာဝရှုခင်းပုံ ဆွဲလျှင် အားအလွန် ကုန်စေသည်၊ သူမ မောဟိုက်ကာ ပင်ပန်းလာမည်ကို စိုးရိမ်သောကြောင့် သူမ ဆွဲနိုင်မည် မဟုတ်ပေ။
ရှဲ့ချောင် ဘေးပတ်လည်အား သေချာ ကြည့်လိုက်ချိန်တွင် သာ့ရှုန်းက သူ့တောင်ပံများ ခတ်နေသည်အား မြင်လိုက်သည်။ သူ့ကြည့်ရသည်မှာ ပျံသန်းချင်နေပုံရသည်။
သူမ စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားသည်။
မြင်းက လွဲ၍ သာမန်လူများသည် တိရစ္ဆာန် (၅) မျိုးအား မွေးမြူတတ်ကြသည် - နွားသည် အချိုကို ကိုယ်စားပြုသည်၊ ခွေးသည် အချဥ်၊ ဝက်သည် အငံ၊ သိုးသည် အခါး နှင့် ကြက်သည် အစပ်ကို ကိုယ်စားပြုသည်။ သူတို့သည် ဘဝ၏ အရသာကို စုပေါင်းမိစေသည်။
ရှဲ့ချောင် ဘဝ၏ ပျော်ရွှင်မှုအား ရေးဆွဲရန် စဥ်းစားမိသွားသည်။
ထိုအကြံရပြီးနောက် ရှဲ့ချောင်သည် သူမလက်အား နတ်သမီးတစ်ပါးက ကိုင်ထားသကဲ့သို့ စုတ်တံနှင့် မှင်ရည်တို့ဖြင့် ပန်းချီစဆွဲတော့သည်။
•••••••••

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now