Chapter-2

1.1K 131 0
                                    

【Unicode】

အပိုင်း-(၂) [ရုပ်ဆိုးမရဲ့ သမီး]

သခင်မလုသည် ထိုအချိန်တွင် ဒေါသတကြီးဖြစ်ကာ မကျေနပ်မှုများကို ထုတ်ဖော်ပြောနေသည်။

သူမကို လမ်းတစ်လျှောက်လုံး အဖော်ပြုပေးလာသူ ဖေဝမ်ယွဲ့မှာ သူမ၏အရင်အိမ်ထောင်နှင့် မွေးဖွားထားသော သမီးဖြစ်သည်။

"အရမ်းစိတ်သောကမရောက်ပါနဲ့ မေမေရယ်  ဒီဘုရားကျောင်းမှာနေတဲ့ တာအိုကျင့်ကြံသူတွေက လောကီရေးရာနဲ့ မိသားစုကိစ္စ‌တွေကို သိပ်ဂရုစိုက်တာမဟုတ်ပါဘူး” ဖေဝမ်ယွဲ့က ပြုံးပြလိုက်သည်။

သခင်မလုမှာ စိတ်ပျက်လျက်ရှိသည်။

ဤခရီးသည် ရှဲ့ချောင်ကို ခေါ်ဆောင်ရန်တင်မဟုတ်ပေ။

သူမသည် ရှဲ့နျိုရှန်းနှင့် အိမ်ထောင်မကျခင်အချိန်က ယခင်အိမ်ထောင်ဖြင့်ရခဲ့သော သမီးလေးရှိနှင့်ကာ သူမ၏မိခင်ထံ၌ အပ်နှံပြီးစောင့်ရှောက်စေခဲ့သည်။ ယခု သူမခင်ပွန်း၏ခွင့်ပြုချက်ဖြင့် သူမ၏သမီးကို သွားရောက်ကာ ခေါ်ခဲ့သည်။ အပြန်ခရီးတွင် ခင်ပွန်းဖြစ်သူထံမှ အချိန်အခါမဟုတ် စာပို့ခိုကလေးတစ်ကောင်ကို လက်ခံရရှိခဲ့ပြီး သူ၏သမီးအကြီးဆုံးမှာ အရွယ်ရောက်ပြီ ဖြစ်ကြောင်း၊ ကောင်းမွန်စွာနေထိုင်ရန် သင့်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အတွက် သူမ ဤနေရာသို့ တောက်လျှောက်လာခဲ့ရခြင်းဖြစ်သည်။

သူမသည် ရှဲ့နျိုရှန်း ၏တတိယမြောက်ဇနီးဖြစ်သည်။ ရှဲ့မိသားစု နန်းမြို့တော်တရားရုံးတွင် အရာရှိဖြစ်လာသောအခါမှသာ သူမကလက်ထပ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခင်ပွန်းဖြစ်သူ၏ပထမဇနီးသည်မှာ ခင်ပွန်းဖြစ်သူနှင့် ငယ်စဉ်ကတည်းက သူငယ်ချင်းများဖြစ်ခဲ့သည်ဟူသော ကောလဟာလများမှလွဲ၍ မည်သူဖြစ်သည်ကို သူမ အတိအကျမသိခဲ့ပေ။ ပထမဇနီးသည်မှာ သခင်မဖုန်ဟု လူသိများပြီး သူမ၏ဖခင်မှာ ယခင်က တောင်ပေါ်စခန်းရှိ ဓားပြများ၏ ခေါင်းဆောင်ဟောင်းဖြစ်ပေသည်။ သူမ၏ဖခင်သေဆုံးပြီးနောက်တွင် သူမခင်ပွန်းနှင့် ဖုန်မိသားစုတို့မှ တောင်ပေါ်စခန်းအား ဆက်လက်စီမံအုပ်ချုပ်ခဲ့ကြခြင်းဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now