Chapter 17

752 99 0
                                    

Chapter -17 [ဒေသခံတွေက သူမအတွက်လက်ဆောင်တွေယူလာကြတယ်]

“လက်နဲ့လုပ်ထားတာမို့လို့ ဆံထိုးတစ်ခုကဒီလောက်ထိတန်သွားတာလား ”

“ကျောက်စိမ်းအရည်သွေးကြောင့် တန်ဖိုးကြီးသွားတာနေမယ်”

ယနေ့ပင် အဖိုးတန်ပစ္စည်းအမြောက်များ ဆုံးရှုံးထားရသဖြင့် သခင်လု၏ မျက်လုံးများမှာ အားလျော့လျက်ရှိသည်။ တချို့တစ်ဝက် ပြန်ရှာတွေ့နိုင်လျှင်တောင် ထခုန်မတက်ပျော်လောက်မည့်ပုံပင်။

“မေမေက မြို့ကိုရောက်တုန်းခဏလောက်နေရုံပါ  သမီးအဖေက စေတနာရှိပေမယ့် မြို့ကို လာပြီး ကျောက်စိမ်းဆံထိုး ဝယ်ဖို့ကိုတောင်တွန့်ဆုတ်နေတယ်ဆိုရင် သူ့သမီးတွေကို သေချာဂရုမစိုက်ဘူးလို့ သေချာပေါက် ပြောမှာလေ” သခင်မလု ထပ်ကာပြောပြန်သည်။

ရှဲ့ချောင်  အနည်းငယ်နှာခေါင်းရှုံ့လိုက်ပြီးစကားဆက်မပြောတော့ပေ။

“ရွှေတောင်ငွေတောင်ကြီးကို ဝယ်ချင်ပါတယ်ဆိုရင်တောင် မေမေ့ကို မတားပါဘူး သမီးနာမည်ကိုသာမသုံးပါနဲ့” ပြောလိုက်ပြီး ရှဲ့ချောင် နှုတ်ခမ်းထောင့်များကွေးသွားသည်အထိ အေးစက်စက်ပြုံးပြလိုက်သည်။

ထိုစကားကိုကြားလိုက်ရ၍ သခင်မလု အနည်းငယ်အံ့သြသွားသည်။

ဖေဝမ်းယွဲ့မှာလည်း ပျော်ရွှင်မှုမရှိတော့သယောင်နှင့် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ဖေဝမ်ယွဲ့က "မမ မေမေ့ကို အပြစ်မတင်ပါနဲ့  အမှန်က ဒီနေ့ ပျောက်သွားတဲ့ဟာတွေထဲမှာ မမကိုပေးချင်တာလေးပါသွားလို့ မေမေက စိတ်ပူနေတာပါ”

သူမသည်သတိထားကာ လက်နှစ်ဖက်ကိုညှင်သာစွာဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားနေပုံနှင့်သနားချင့်စဖွယ်ကောင်းနေလေ၏။

“လက်ဆောင်က အဖေ့ဆီကလား အမေ့ဆီကလား” ရှဲ့ချောင်က ခေါင်းမော့ပြီး ဖေဝမ်ယွဲ့အား စိုက်ကြည့်လိုက်သည်။

ဖေဝမ်ယွဲ့၏ နှလုံးခုန်သံ မြန်လာသည်။

ရှဲ့ချောင် နှင့် ပထမဆုံးစတွေ့သည့် နေ့မှစ၍ ရှဲ့ချောင်၏မျက်လုံးများကို တစ်ခါမှစေ့စေ့ စိုက်မကြည့်ခဲ့ဖူးပေ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီМесто, где живут истории. Откройте их для себя