Chapter 81

361 55 0
                                    

၈၁။ (ပြန်ပြင်ကြမယ်)

ဤလူများအား ကြည့်ရသည်မှာ ဆန္ဒစောနေပုံပင်။ ရှဲ့ချောင်သည် ယခုမှ ကျောင်းတော်သို့ရောက်လာသည်ဖြစ်ပြီး မည်သည့်စည်းမျဥ်းကိုမျှ မသိသေးပေ။

ထို့ကြောင့် သူမ ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူမ အသေးစိတ်မေးလိုက်၏။ " ကျောင်းတော်က ကျွန်မတို့ ကိုယ့်အတန်းကိုယ် ရွေးချယ်လို့ရတယ်လို့ မပြောခဲ့ဘူးလား? "

" မှန်တယ်။ အဲဒါက ဒီအတိုင်း..." ဖန်းမုရွှယ် ထရပ်လိုက်ကာ အသက်ရှုထုတ်လိုက်ပြီးနောက် ရှင်းပြခဲ့သည်။ " ငါတို့ကျောင်းမှာ အခုရော၊ နောင်ရော ပြိုင်ပွဲအမျိုးအစားတွေ အများကြီး ရှိလာလိမ့်မယ်။ လူတိုင်းက စကားနိုင်လုလာတဲ့အချိန်ကျရင် ငါတို့မှာ ဘာလိုအပ်နေလည်းဆိုတာ ရှာတွေ့နိုင်တယ်..."

ရှဲ့ချောင် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်၏။

" အစ်မ မုရွှယ် နင် သူ့ကို ရှင်းပြနေလည်း အသုံးမဝင်ဘူး။ သူက အခုကတည်းက ငါတို့ကို နှောင့်နှေးအောင်လုပ်နေပြီမဟုတ်ဘူးလား? “ ရှားယာ့ယွင် သရော်လိုက်၏။ “ သစ်ခွခြံဝင်းကလူအားလုံး ပျိုနီခြံဝင်းကို သွားချင်နေကြတာ။ ဒီနေရာမှာ သူနဲ့အတူရှိနေလို့ တခြားသူတွေက ငါတို့ကို အရူးတွေလို့ ထင်ကြမှာ ငါစိုးရိမ်တယ်! “

“ ယာ့ယွင် မနေ့က ဆရာဘာပြောခဲ့လဲဆိုတာ နင်မေ့သွားပြီလား? “ ဖန်းမုရွှယ် ရုတ်တရက် မေးလိုက်၏။

သူမသည် ယမန်နေ့ကလည်း ရှဲ့ချောင်ဘက်မှနေပေးကာ ရင်ဆိုင်ပေးခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သူမအတွက် အကြောက်တရားတစ်ခုထက် ပိုလေသည်။ နောက်ဆုံးတော့လည်း ရှဲ့မိသားစု၏ သခင်လေး၊ သခင်မလေးများမှာ သတင်းဆိုးဖြင့် အတော်ကျော်ကြားလှသည် ဖြစ်၏။

ယခု ထိုအကြောင်းအား သူမတွေးကြည့်သောအခါ ဆရာပြောသည်မှာ မှန်သည်ပင်။ လူကြီးမင်းရှဲ့သည် ယခုအချိန်၌ ဓားပြတစ်ယောက်မဟုတ်ပဲ အကြီးအကဲတစ်ယောက် ဖြစ်၏။ ထို့အပြင် ဤသခင်မလေးရှဲ့ကို ကြည့်ရသည်မှာ…ပုံမှန်ပင် ဖြစ်သည်။

သူတို့ တစ်ယောက်နှင့်တစ်ယောက် မသိကြသေးသည်ဖြစ်ရာ သူမအပေါ် ဆိုးရွားစွာဆက်ဆံရန် အကြောင်းအရင်းမရှိပေ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now