Chapter 79

375 55 0
                                    

၇၉။ (ငါ တစ်ယောက်ယောက်ကို ရိုက်ခဲ့တယ်)

ရှဲ့ချောင် ရှဲ့ဖင်းကန်းအား စွေကြည့်လိုက်လေသည်။

လူတိုင်းကို သူ့လို စိတ်ကူးယဥ်မဆန်တတ်တဲ့လူလို့များ ထင်နေလားမသိ?

" ဘာဖြစ်နေလဲဆိုတာ အစ်ကို့ကို အတိအကျပြော? မင်းက အခုမှ နန်းမြို့တော်ကိုလာတာလေ။ တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီးတော့ မင်းဆီ စာပို့နိုင်ရတာလဲ? " ရှဲ့ဖင်းကန်းသည် သူ့ကိုသူ အတော်နူးညံ့ညင်သာသည်ဟု ထင်နေပေ၏။

" မသိဘူး။ ဘယ်သူမှန်း ညီမလည်း မသိဘူး " ရှဲ့ချောင်သည် မိန်းမကောင်းလေးတစ်ယောက်ပုံဖမ်းရင်း သူမ ခေါင်းကို ခါယမ်းလိုက်၏။

မည်သူဖြစ်ကြောင်း သူမ တကယ့်ကိုမသိပေ!

အသက်တစ်ချောင်းကို ကယ်ဖို့ ရွှေစတစ်ရာပေးတယ်? ထိုလူမှာ ချမ်းသာသည့်ပုံပင်။

ရှဲ့ချောင်ကြည့်ရသည်မှာ စစ်မှန်ကာ လိမ်နေပုံနှင့် မတူပေ။ ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်ကာ တစ်ခဏမျှကြာသော် ပြောလိုက်၏။ " နောက်ထပ်ရက်နည်းနည်းလောက် ငါမင်းနဲ့အတူ ကျောင်းတော်ကို လိုက်ခဲ့မယ်။ အပြင်က လူရမ်းကားတွေကို ငါသံသယရှိတယ်။ မင်းက ငယ်ရွယ်ပြီး နယ်ဘက်ကရောက်လာကာစရှိသေးတာကို မြင်ပြီး သူတို့တွေ မင်းကို ငွေနဲ့ဖျားယောင်းဖို့ ကြိုးစားမှာကို စိတ်ပူရတယ်။ သူတို့ကတော့ လောကကြီးကိုမမြင်ဖူးသေးတဲ့ ဆင်းရဲတဲ့ကောင်မလေးလို့ ထင်နေကြမှာပဲ"

ဆင်းရဲနေမှုအတွက် ရှဲ့မိသားစုကိုသာ သူတို့ အပြစ်တင်နိုင်ပေသည်။ သူတို့ ဆင်းရဲကြောင်းအား နန်းမြို့တော်ရှိ အရာရှိမိသားစုတိုင်း သိကြပေသည်။

အကြီးဆုံးသခင်မလေး ရှဲ့ချောင်ကို ငွေမရှိသည့် ဆင်းရဲသူလေးဟု ထိုလူများထင်ကြသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

ရှဲ့ချောင်မှာ အတော်လေးအခက်တွေ့နေပြီဟု ခံစားနေရ၏။

ရှဲ့ဖင်းကန်းသာ သူမကို ကာကွယ်ပေးနေလျှင် ဆိုင်၌ အရေးကိစ္စများအား သူမဘာသာ စီစဥ်နိုင်တော့မည်မဟုတ်ပေ။

သူမဖွင့်ထားသော ဆိုင်သည် ပြိုင်ဘက်ကင်းဖြစ်၏။ သူမ၏ အဓိကစီးပွားရေးမှာ လူသေများနှင့် ညှိနှိုင်းရခြင်း ဖြစ်ပေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now