Chapter 56

427 67 0
                                    

Chapter : 56 (နည်းနည်းတော့သိတယ်)

လူအုပ်ကြီးသည် အဖေနှင့်သမီးကို မြင်လိုက်သောအခါ အထင်သေးသွားကြသည်။

အထူးသဖြင့် ဆရာသည် ဒေါသထွက်ပြီး‌လောင်ကျွမ်းနေသလို ခံစားနေရသည်။

ထိုမိသားစုသည် သူတို့အတွက် အကျိုးရှိမည့် ကျော်ကြားမှုကိုရရန်သာ တော်ဝင်ကျောင်းတော်ကို လာခြင်းဖြစ်သည်။ သူတို့က ဒီကို ပညာသင်ယူဖို့လာခြင်းမဟုတ်ပေ။

ဒီလိုလူများကိုသာ လက်ခံလိုက်မည်ဆိုလျှင် ကျောင်းတော်၏ ဂုဏ်သတင်းသည် စွန်းထင်းသွားပေလိမ့်မည်။
ဆရာသည် အပြင်းအထန်စိုးရိမ်နေကာ ဒေါသလည်း အတော်ထွက်နေပုံရသည်။
ဝင်ခွင့်စာမေးပွဲသည် ခက်ခဲတာတော့မဟုတ်ချေ။မည်သူမဆို သူတို့သာ ထုံထိုင်းမနေလျှင် စာမေးပွဲအောင်မြင်မည်သာဖြစ်သည်။ဆရာသည် ရှဲ့နျိုရှန်းကို ကြည့်လိုက်သည့်အခိုက်တန့်တွင် သူ၏မျက်နှာသည် ခက်ထန်သွား၏။
ရှဲ့နျိုရှန်းထွက်သွားသည်နှင့် ရှဲ့ချောင်သည် ဆရာ့ထံမှ ထုတ်လွှတ်နေသော အေးစက်မှုများကို ခံစားလိုက်ရသည်။
"တော်ဝင်ကျောင်းတော်ဆိုတာ တခြားကျောင်းတော်တွေလိုမျိုးမဟုတ်ဘူး။ ဒီကို လာတဲ့ဘယ်သူမဆို၊ တော်ဝင်မင်းသားတွေနဲ့မြေးတော်တွေဖြစ်နေရင်တောင်မှ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ။ လူတစ်ယောက်က ကိုယ့်အသိစိတ်နဲ့ကိုယ် ပညာကိုသင်ယူရမယ်။ လက်ထပ်ဖို့ အတွက် ကျော်ကြားချင်ရုံနဲ့ ဒီတော်ဝင်ကျောင်းတော်ကို ဝင်လာတဲ့ မရိုးဖြောင့်တဲ့သူတွေရှိရင် အခုချက်ချင်း ထွက်သွား" ဆရာသည် အေးစက်စွာ ပြောလိုက်သည်။
သူ ထိုစကားကို ပြောနေချိန် ရှဲ့ချောင်ကိုကြည့်မနေခဲ့သော်လည်း ထိုစကားအား ကြားလိုက်သည့် မည်သူမဆို သူမကိုရည်ရွယ်ပြီးပြောနေခြင်း ဖြစ်ကြောင်းသိနိုင်သည်။
ရှဲ့ချောင် အခက်တွေ့သွားသည်။
သူမကိုကျောင်းတော်မှာ လက်မခံရသေးတာတောင်မှ အထင်သေးခံနေရတာလား။
သူမ၏အဖေရင်း…
သူတို့ အတိတ်ဘဝတွင် ရန်သူများဖြစ်ခဲ့နိုင်သည်။ ဟုတ်တယ်မလား။ ဒါကသူမ‌အပေါ်သူဒီလိုလုပ်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်။
ရှဲ့ချောင်သည် သူမ၏ယုံကြည်၍မရသည့်တာအိုဆရာသခင် မော့လင်းကျစ်နှင့်အတူ နေရသည်မှ လွတ်မြောက်လာခဲ့သည်။သူမသည် အရာအားလုံးအား မြင်ဖူးနေပြီဖြစ်သဖြင့် ယခုချိန်တွင် ကြောက်လန့်ထိတ်ပျာသွားခြင်းမျိုး မဖြစ်တော့ပေ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီTahanan ng mga kuwento. Tumuklas ngayon