Chapter 47

421 63 1
                                    

Chapter :47(ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲနဲ့)

သခင်မလုမှာ စိတ်ရင်းနှင့်ပြောနေသော လေသံဖြင့် သူမ၏မျက်လုံးများမှာ ပူပန်နေလေသည်။

ရှဲ့နျိုရှန်းသည်သခင်မလုအား သဘောကျ၏။

အရင်က ဇနီးသုံးယောက်နှင့်အိမ်ထောင်ကျခဲ့သည်။ ပထမဆုံးတစ်ယောက်ကတော့...
သိပ်ချစ်ခဲ့ရသူဖြစ်ပြီး ခဏလေးသာအတူနေခွင့်ရခဲ့သူဖြစ်သည်။သို့သော် သူမသည် ရက်စက်ကြမ်းကြုတ်သည့် ယောက်ျားတစ်ယောက်ကဲ့သို့ပင် ဖြစ်သောကြောင့် သခင်မဖုန်၏ ရှေ့သို့ရောက်လျှင် သူသည် ရူးကြောင်ကြောင် ကောင်ငယ်လေးတစ်ယောက််နှင့်တူနေလေသည်။

ဒုတိယတစ်ယောက်ကတော့သခင်မလင်း။ သူမသည် နူးညံ့ပြီး ချစ်စရာကောင်းသော်လည်း သူ့အား စိတ်ရင်းဖြင့် လက်ထပ်ခဲ့ခြင်းမဟုတ်ပေ။ သူမသည်ပြုံးခဲသည်။ သူမအတွက် လနှင့် ကြယ်ကို ဖမ်းဆုပ်ပေးခဲ့လျှင်တောင်  ၎င်းကို လျစ်လျူရှုထားမည့်သူဖြစ်သည်။ သားသမီးများမွေးဖွားပြီးနောက် သူမသည်လည်းဆုံးပါးသွားခဲ့ပြန်သည်။

နောက်ပိုင်း သူအရာရှိဖြစ်လာချိန်၌ အိမ်အား ထိန်းသိမ်းပေးမည့် ဇနီးမယားမရှိသည်မှာ ရယ်စရာ ဖြစ်နေသည်။
လက်တွေ့ကျကျပြောကြမည် ဆိုလျှင် အဆင့်လေး စစိသူကြီးတစ်ယောက် အနေဖြင့် မင်းမှုထမ်းတစ်ဦး၏ သမီးနှင့် လက်ဆက်ရန် လွယ်သည်။  ရာထူးနိမ့်သော အရာရှိတစ်ယောက်ရှာရန်သာလိုပြီး ဂုဏ်သိက္ခာရှိသောမိသားစုမှ ဇနီးမယားအား လက်ထပ်ယူနိုင်သည်။

သို့သော် သူသည် ဓားပြမှ စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။ မည်သူကလက်ခံမည်နည်း။

ဤမျှအချိန်အကြာကြီး မင်းမှုထမ်းလုပ်နိုင်မည်ဟုလည်း မည်သူမှ မထင်ထားပေ။

လူရိုင်းများနှင့် ကလေးသူငယ်အချို့အားသတ်ဖြတ်ခဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူလည်း ဖြစ်နေသည်။ထို့ကြောင့်ပင် မည်သူမျှ သူနှင့်အတူ မနေလိုပေ။

သူသွားခဲ့သည့် ကြင်ယာဖက် တွေ့ဆုံပွဲများမှာလည်း တစ်ခုမှမအောင်မြင်ပေ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now