Chapter 30

826 105 0
                                    

Chapter :30  (များများသိလေ ဒုက္ခများလေ)

ဖေဝမ်ယွဲ့လည်း စိတ်ကို တင်းကာ ရဲရင့်ဟန် ဆောင်ရင်း ရှေ့သို့ ထွက်လိုက်သည်။

သူမ မျက်လုံးများအား မှိတ်ထားကာ  ဤကိစ္စမှာကြီးကျယ် ခမ်းနားသည့် အလုပ်တစ်ခု သဖွယ် လုပ်နေသည့် ဟန်ဖြင့် ထိုင်ချ လိုက်သည်။

သူမလက်များမှာ တုန်ယင် နေ၏။ သွားများအားလုံး ဆုံးရှုံးထားသော အဘွားကြီးတစ်ဦးနှင့် ပင်တူနေသည်။

ထိုအရာကို အချို့လူများ သည်းမခံနိုင် ကြပေ။  ရှဲ့‌ချောင်သည် သူမ၏ ရင်ဘတ်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"မိန်းကလေးဖေ အဲဒါကိုဖွင့်လိုက် တုန်းကတော့ ကောင်းကောင်း ကြည့်လိုက်ရမှာပဲ။ ပွင့်ပွင့် လင်းလင်း ပြောရရင် မင်းဖွင့်ကြည့် လိုက်တုန်း ကသတ္တိရှိရှိနဲ့ လုပ်ခဲ့သလိုမျိုး အခုလုပ်ရုံပဲ။ တို့မင်းကို ယုံထားတာလေ၊ မိန်းကလေးဖေက ကြင်နာတယ်လို့ ယုံကြည်ထားတာ ဘာလို့ဒီလောက်ကိစ္စ သေးသေးလေးကိုတောင် မလုပ်နိုင်ရတာလဲ.. အဟွတ်"

ဖေဝမ်ယွဲ့ ဒေါသ ထွက်သွား သည်။

သူမသည် အလွန်အမင်း ဒုက္ခခံ ပြီးနောက် အထုပ်ကို နေရာတစ်ကျ ပြန်ထားရန် အချိန်ယူခဲ့ရသည်။

အပြင်မှ စောင့်ကြည့် သူများမှာလည်း ကုန်လု နီးပါး ရှိနေပြီ ဖြစ်သည်။

အားလုံး ပြီးသွား သည့်နောက် သူမ အခန်းထဲပြန်ဝင်ကာ ဒေါသတကြီး အော်ဟစ် ငိုယိုလေသည်။

ရှဲ့‌ချောင်၏ အခန်း၌ နန်းတွင်း သက်တော်စောင့် ကျို့နှင့် သူ၏ အဖွဲ့တစ်ဖွဲ့သာ ကျန်ခဲ့လေသည်။

ရှဲ့‌ချောင် သက်ပြင်း အနည်းငယ် ချလိုက်ပြီးနောက် မတ်တပ် ထရပ် လိုက်သည်။ "ရှင်တို့မေးချင်တာများ ရှိသေးလား?"

"ဒီအရိုးတွေ… အဲဒါတွေက သခင်ကြီးလုရဲ့ အစေခံနဲ့ ပတ်သတ် နေတာလား?" နန်းတွင်းသက်တော်စောင့်ကျို့ က သူမအား ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ရှဲ့‌ချောင် က သူမ၏ နှုတ်ခမ်းများအား အနည်းငယ် စေ့လိုက်ပြီး"ဟုတ်တယ်။" ဟု ပြန်ဖြေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now