Chapter-11

867 111 2
                                    

【Unicode】
Chapter 11: (အမတအရှင်)

၎င်း တောင်အငူတွင် တန်ဖိုးရှိ ကျောက်တုံးများ မရှိပေ။ အတိတ်ကာလ ကတည်းက အရပ်သူ၊အရပ်သား များသာ ဤနေရာရှိ မျက်စိ ဖမ်းစားဖွယ် ကျောက်တုံးအချို့ကို ရွေးချယ်ကာ ကောက်ယူ တတ်ကြသည်။

ဤနေရာရှိ ကျောက်စိမ်း သတ္တုတွင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရှာဖွေ တွေ့ရှိ ခဲ့ကြပြီး ထိုအကြောင်းအရင်းကပင် အဘယ်ကြောင့် ဤနယ်မြေ အပိုင်းအစဟာ အချိန်အကြာကြီး စွန့်ပစ်ခံ ခဲ့ရသလဲ ဆိုတာကို ဖော်ပြနေသည်။

ကျောက်ရွှမ်ကျင်းမှာ ရထားလုံးထဲတွင် ထိုင်နေသည်။

မနေ့က ရှဲ့ချောင် ပြောခဲ့သည့် စကားများ သူ၏ အတွေးထဲ ပြန်ပေါ် လာသည်။

“အခု ဘယ်အချိန်ရှိပြီလဲ?”
ကျောက်ရွှမ်ကျင်းသည် ရထားလုံး၏ ပြတင်းပေါက်အား ရှည်သွယ်သော လက်များဖြင့် ဖွင့်လိုက်ရင်း ပျင်းရိ နေသည့် လေသံဖြင့် မေးလိုက်သည်။

“မနက် ၉နာရီ ရောက်ဖို့ ၁၅မိနစ် လိုပါသေးတယ် သခင်လေး။” တစ်စုံ တစ်ယောက်မှ ချက်ချင်း ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်း ၏ မျက်လုံးများ မှေးကျဉ်းသွားကာ ရုတ်တရက် ပြောလိုက်သည်။
“ရထားလုံးကို ရပ်ပြီး နားကြမယ်။ ငါတို့ ၁၅မိနစ် နေမှ ပြန်ထွက်ကြမယ်”

နန်းတွင်း သက်တော်စောင့် သည် အချိန်တစ်ခုခန့် ကြက်သေ သေသွားခဲ့သည်။ သူ ထပ် မမေးရဲ တော့ပဲ လူတိုင်းကို ခရီးမှ နားကာ အားဖြည့်ကြရန် ချက်ချင်း ပြောလိုက်သည်။

ညွှန်ကြားချက် ပေးပြီးနောက်မှ ကျောက်ရွှမ်ကျင်း သည် သူ့ကိုယ်သူ ဘယ်လိုတောင် ရူးနှမ်းနှမ်းပုံ ဖြစ်သွားခဲ့လဲ ဆိုတာကို သဘောပေါက်သွားခဲ့တယ်။

အကြောင်းရင်း တချို့ကြောင့် လူလိမ် ပေါက်စလေး ပြောခဲ့တာကို သူစတင်ပြီး ယုံကြည်လာသည်။ ဒီနေ့ သူကောင်းကင်ကို ကြည့်လိုက်တုန်းက တိမ်ကင်းစင်ပြီး ရာသီဥတု ကောင်းနေခဲ့တယ်။

‘ဒီလို ကြည်လင်တဲ့ ရာသီဥတုနဲ့ ငါ့ရဲ့ဘေးနားက နန်းတွင်းသက်တော်စောင့်တွေ အများကြီးနဲ့ ဆိုရင် ဘယ်လို မတော်တဆမှုမျိုးများ ဖြစ်နိုင်မှာလဲ?’

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now