Chapter-10

879 101 0
                                    

【Unicode】
Chapter 10: (သူမကို တရားရုံးသို့ ပို့ဆောင်ခြင်း)

သူမသည် သူမ မှားသွားသည့်ပုံနှင့် နှုတ်ခမ်းကို ရှုံ့လိုက်သည်။ သူမ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို မည်သူမျှ မသိပေ။

ယခု သူမသည် သနားစရာ ကောင်းသော အခြေအနေ၌ ရှိနေသည်။ အရွယ်ရောက် ပြီးသော လူကြီးများသည် သူတို့ဘာလုပ် သင့်သည်ကို မသိသည့်ပုံဖြင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေစွာ ကြည့်နေ ကြသည်။ အစောပိုင်း၌ ကျီစယ်နေကြသော မျက်နှာအမှုအရာများမှာ ချက်ချင်းပင် ပျောက်ကွယ် သွားကြသည်။

"ကျွန်မ လူသုံးယောက်ရဲ့ ကံကြမ္မာကို ‌ဖတ်မယ်လို့ပြောခဲ့တာ၊ အခု နှစ်ယောက် ကျန်သေးတယ်။" ရှဲ့ချောင်သည် ရှေ့ဆက်သွားရန် သူမကိုယ်သူမ စိတ်ထိန်းလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် သူမအား အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်လေသည်။

အထူးသဖြင့် အခုလို သနားစရာ ကောင်းအောင် ဟန်ဆောင် နေသော အချိန်တွင် ဖြစ်သည်။ ယခုအချိန်မျိုးတွင် သူမသည် ပို၍ဆွဲဆောင်မှု ရှိသည့်ပုံ ပေါ်သည်။

အကြောင်းပြချက် တစ်ချို့ကြောင့် သူ နားမလည်ခဲ့ပါ။ သူသည် ပေါ့ပေါ့ပါးပါး လျှောက်သွားကာ သူ့၏ နန်းတွင်းသက်တော်စောင့် များအား ဘေးဘက်သို့ တွန်းပို့လိုက်သည်။

သူမသည် ကံကြမ္မာဖတ်ခြင်းကို ဆက်လက်
ပြုလုပ်လေသည်။

"ရှင့်မှာ ဧကရာဇ်ကို ကူညီနိုင်ပေးနိုင်မဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ ဒီလက္ခဏာက သိပ်ပြီး မထင်ရှား‌ သေးဘူး။ အဲ့လိုဖြစ်လာမဲ့ အလားအလာက ခပ်ရေးရေးပဲ ရှိသေးတယ်။ ရှင့်ရဲ့ ဒီပါရမီက ကွယ်ဝှက်နေတဲ့ ဆုလာဘ်ဖြစ်တယ်။ ဒါပေမဲ့ ရှင်တောက်ပနိုင်မဲ့ နေ့ကို ရောက်လာလိမ့်မယ်။" ရှဲ့ချောင်က တိုတောင်းစွာ ပြောလိုက်သည်။

ထိုသူသည် အတော်အသင့် ကြည့်ကောင်းသည်မှာ ထင်ရှားသည်။ သို့သော်လည်း သူမအတွက် သူသည် ကြွယ်ဝချမ်းသာ၍ တောက်ပြောင် လိမ့်မည်ဟု ပြောရုံဖြင့် လုံလောက်လိမ့်မည် မဟုတ်ပေ။

ရှဲ့ချောင် ပြော၍ ပြီးပြီးချင်းပင် နန်းတွင်းသက်တော်စောင့် သည် ချက်ချင်း နောက်ပြန်လှည့်ကာ ကျောက်ရွှမ်ကျင်းအား ကြည့်လိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီOnde as histórias ganham vida. Descobre agora