Chapter-15

799 101 0
                                    

Chapter(၁၅)  [ဒါကို အမှန်အဖြစ်သာ ယုံကြည်လိုက်ချင်သည်]

‘ဒါက တကယ့်ကို ရှက်စရာပဲ။’

သို့ပေမည့် ချင်းကျီ ဒါကို ထုတ်မပြောနိုင်ပေ။

အစောပိုင်းအချိန် ဤမိန်းကလေးအား စတင် စောင့်ကြည့်ရစဥ်ကတည်းက သူသည် မိန်းကလေးရှဲ့၏ အလွန်နှေးကွေးသော လမ်းလျှောက်နှုန်းကြောင့် အထင်သေးခဲ့သည်။

သည့်အပြင် သူသည် ထိုအကြောင်းအား အမှန်တကယ်မဖြစ်နိုင်ဟု တွေးထားခဲ့သည်။

ဘယ်လိုလုပ် သူက သူ့အဖေရဲ့ သားအရင်း မဟုတ်ရမှာလဲ? သူ့အဖေသည် သူ့အား အလွန်အမင်းချစ်ခင်လှသည်လေ။

ဒါပေမယ့် သခင်လေးက အရူးတစ်ယောက် ဖြစ်ပြီး လှည့်စားခံ နေရသည်ဟုလည်း သူ မပြောနိုင်ပေ။ ထို့ကြောင့် သူ့၏ ခေါင်းအား ခပ်တင်းတင်း လှုပ်ယမ်း လိုက်သည်။

" မဟုတ်ဘူး။ ခဏလောက် စောင့်ပြီးတော့သာ ကြည့်လိုက်၊ ကျွန်တော် အဆင်ပြေမယ်ဆိုတာ သေချာတယ်။ ပြီးရင် သခင်လေးလည်း ဒီမိန်းမလှလေးက လူတွေကို လှည့်စားတဲ့နေရာမှာ ဘယ်လောက် တော်တယ် ဆိုတာ သိသွား လိမ့်မယ်"

သူ့အဖေကို သူ ယုံကြည်သည်! သူက သူ့အဖေနှင့် အလွန်တူသည်လေ!

နန်းတွင်း သက်တော်စောင့် ကျို့သည် အတော်ပင် ဒေါသထွက် သွားကာ ချင်းကျီအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် မိန်းကလေးရှဲ့အား မှီရန်သာ အမြန်လိုက်လိုက်သည်။

" မိန်းကလေးရှဲ့..."

သူသည် သူမအား နှစ်ကြိမ် ခေါ်ခဲ့ပေမယ့် မိန်းကလေးရှဲ့သည် လှည့်ကြည့်မလာခဲ့ပေ။ နန်းတွင်း သက်တော်စောင့်ကျို့သည် စိုးရိမ်တကြီးဖြင့် သူမအား ထပ်မံခေါ်လိုက်သည်။

" ကြီးမြတ်လှတဲ့ အမတအရှင်၊ ကျွန်တော့်ကို စောင့်ပါဦး"

ရှဲ့ချောင် လှည့်လာခဲ့သည်။

" ဘာကိစ္စလဲ? "

"..."

နန်းတွင်း သက်တော်စောင့် ကျို့၏ မျက်ခုံးများ အပေါ်တက် သွားကာ သူချက်ချင်းပင် ပြောလိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now