Chapter 48

424 65 0
                                    

Chapter :48 (ငွေဝှက်ခြင်း)

'ငါက အရှက်ကွဲမယ်?'

ရှဲ့ချောင်၏ မျက်ခုံးများ မြှောက်တက်သွားသည်။

သူမမွေးကတည်းက ဤကဲ့သို့သောမှတ်ချက်မျိုးကြားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမ ရှဲ့ဖင်းကန်းအားကို ကြည့်ရန် ခေါင်းအား မော့လိုက်သည်။ ထိုအရူးမှာ သူ ဂရုစိုက်ခဲ့သည် ဟုထင်ကာ အစ်ကိုကြီးတစ်ယောက်၏ နွေးထွေးသောအပြုံးကို ပြလာလေသည်။ မြင်လိုက်ရသည့် ရှဲ့ချောင်၏ မျက်လုံးများ နာကျင်လုနီးပါးပင်။

"အစ်ကိုကြီး၊ ကျွန်မကို မပြုံးပြပါနဲ့လား"ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။ “ထမင်းစားနေလို့  မအန်ချင်ဘူးရယ်"

ရှဲ့ဖင်းကန်း တစ်ယောက်စကားတောင် မပြောနိုင်တော့ဘဲ မျက်ခွံများပင်တွန့်သွားလေသည်။ သူ့လက်အား မြှောက်လိုက်ပြီး ရှဲ့ချောင်အားရိုက်လုနီးပါးပင်။

ဤမိန်းကလေးသည် ဝါးချောင်းကဲ့သို့ပင် ပိန်လှီနေပြီး ရှဲ့ဖင်းဟွိုက်လောက် မသန်မာသောကြောင့် သူမအား မထိရက်ပေ။ "မင်း တာအိုဘုရားကျောင်းမှာ အစာရောစားခဲ့ရရဲ့လား ပါးမှာဆိုအရေပြားပဲ ကျန်တော့တယ်။ တစ်ကယ်လို့ဒီနှစ်သာ အစာရေစာခေါင်းပါးတဲ့ နှစ်ဆိုရင် မင်း သူပုန်တွေထဲ ရောက်သွားရင်တောင် နင့်လိုအရိုးပေါ်အရေတင်ကိုစားကြဖို့မပြောနဲ့ သူတို့ အားပါအကုန်ကုန်သွားမယ်"

ရှဲ့ချောင် ရယ်မောလိုက်သည်။ ထိုရယ်မောသံမှာ အတော်လေး ကျောချမ်းစရာပင်။

ရှဲ့ချောင်စကားလွှဲလိုက်သည်။ "အာ ဟုတ်သား..ချမ်းသာတဲ့သူတွေရှိတာကလွဲရင် တော်ဝင်ကျောင်းတော်မှာ တခြား ဘာထူးခြားတာရှိသေးလဲ?"

ထွေထွေထူးထူး မရှိလျှင်တော့ တခြားကျောင်းကို သွားတာက ပိုကောင်းဦးမည်။

" အများကြီးပဲရှိတယ်။" ရှဲ့ဖင်းဟွိုက်စကားစလိုက်သည်။ “တခြားကျောင်းတော်နှစ်ခုမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိပေမဲ့ တော်ဝင်ကျောင်းတော်မှာ တက်ရင်ရမယ့် ပံ့ပိုးမှုနဲ့ယှဉ်လို့ မရဘူး သူတို့မှာ စာအုပ်တွေအများကြီးစုထားကြတယ် အခြားကျောင်းတော်နှစ်ခုက ကျောင်းသားတွေက အမြဲတမ်းပြန်ဌားရတယ် ဒါပေမဲ့ အဲဒီစာအုပ်တွေရဖို့ အတွက် နည်းနည်းတော့ ကြိုးစားရမှာပေါ့။”

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now