Chapter 72

390 67 0
                                    

Chapter:72 (သစ်ခွခြံဝင်း)

ရွှီမြန်၏အလွန်စိတ်လှုပ်ရှားနေပုံသည် လူအများအား စူးစမ်းချင်စိတ်ဖြစ်စေခဲ့သည်။

"ဆရာကြီးရွှီ၊ အဲဒါ ဘာလဲ...ကျွန်တော်တို့ကိုလည်းပြပါလား!” လူတစ်ဦးက စောဒကတက်သည်။

စောင့်ကြည့်ဖို့ တစ်ကူးတကလာခဲ့ကြတဲ့သူတွေကိုတောင် ဆရာကြီးရွှီက မပြဘူးလား?!

"မင်းတို့ဘာဖြစ်နေကြတာလဲ ခေါင်းလောင်းသံမြည်နေပြီ အတန်းကို သွားကြတော့... နောက်ကျရင် မင်းတို့ဆရာက အပြစ်ပေးမှာကို မကြောက်ဘူးလား" ရွှီမြန် အော်ဟစ်လိုက်ပြီး သူ့လက်ထဲရှိ ပန်းချီကားကို ပိုမိုတင်းကျပ် စွာဆုပ်ကိုင်ထားလိုက်သည် ။

ဒါက ဆရာကြီး ယွင်ဝေ့ရဲ့ လက်ရာပဲ!

ဆရာကြီး ယွင်ဝေ့သည် အပြင်လောကတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ စျေးကွက်တွင် သူသည် ပန်းချီကားများစွာရောင်းချခြင်းမရှိသော်လည်း ပန်းချီကားတစ်ချပ်ချင်းစီက အဖိုးတန်လှသည်။ ယခုတွင်တော့ ကျောင်းတော်ကြီးတွင် အရက်သောက်တတ်သည့်တာအိုဆရာသခင်ကြီးတစ်ဦး ပန်းချီကားတစ်ချပ်ကို စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းဟာ သေးငယ်သော ပန်းချီကားတစ်ချပ်ဖြစ်သော်လည်း ထူးခြားပြီးစိတ်ကူးယဉ်ဆန်သော ပန်းချီကားတစ်ချပ်ဖြစ်သည်။

ပန်းချီကားထဲက တာအိုဆရာသခင်သည် သာမန်လူနဲ့ ဘာမှခြားနားမှုမရှိပေ။ အရက်သောက်သုံးခဲ့သူပင်ဖြစ်နေသည်။ သို့သော် သေချာကြည့်လိုက်လျှင်၊ ကမ္ဘာပေါ်ရှိအရာအားလုံးကို မြင်တွေ့နေရသည့် တာအိုဆရားသခင်ကြီး၏ ဝမ်းနည်းကြေကွဲမှုကို သတိပြုမိကြမည်ဖြစ်သည်။

တာအိုဆရာကြီး၏ ကိုယ်ပိုင်ဟန်ရှိမှုနှင့် ပေါ့ပါးမှုတို့ကို ပန်းချီကားပေါ်တွင် ပြောင်မြောက်စွာပြသထားသည်။

ဆရာကြီး ယွင်ဝေ့၏ လက်ရေးသည် ပျံဝဲနေသောဖီးနစ်နှင့် နဂါးတစ်ကောင်သကဲ့သို့ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် လေပြင်းမုန်တိုင်းနှင့် မိုးခြိမ်းသံကြီးသကဲ့သို့ပင်။ အလွန်မင်း အရိုင်းဆန်မှုဟန်ပန်များ ပါ၀င်နေသည် ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီDove le storie prendono vita. Scoprilo ora