Chapter-9

867 114 0
                                    

【Unicode】
Chapter 9: She has a Temper (သူမ၏ ဒေါသ)

ရှဲ့ချောင်သည် ကံကြမ္မာ ဖတ်ရန် အတွက် လူဦး‌ရေ ကန့်သတ်ခဲ့သည်မှာ အကြောင်းပြချက် တစ်ခု ရှိ၏။ သူမ၏ ဆရာသည် အလွန်ပါရမီ မရှိသော်လည်း အခြေခံပိုင်နိုင်ကာ ကြိုးစားမှုရှိသောကြောင့် ကံကြမ္မာဖတ်သည့် အခါတွင် အလွန်တိကျပေသည်။ သို့သော်လည်း သူ့ထံသို့ လာရောက်၍ ကံကြမ္မာဖတ်ရှု ကြသူများ သိပ်မရှိပေ။

နောက်ပိုင်း၌ သူမသည် ရွှေယွဲ့တာအို ဘုရားကျောင်း၏ တာအိုကျင့်ကြံသူ ဆရာကြီးသည် အလွန် အံ့ဩစရာ ကောင်း၍ တစ်နေ့လျှင် လူသုံးဦး၏ ကံကြမ္မာကိုသာလျှင် ဖတ်သည် ဟူသော သတင်းများကို ဖြန့်ခဲ့သည်။ သတင်းများ ပြန့်နှံ့သွားသောအခါ အနီးပတ်ဝန်းကျင်၌ နေထိုင်ကြသူများသည် ဆရာကြီးအား တွေ့ရန် တန်းစီနေကြတော့သည်။

များစွာသော လူတို့သည် ပဟေဠိ ဆန်သော ဆရာကြီးအား တွေ့ရန် အခွင့်အရေး မရှိကြောင်း သိသွားကြချိန်တွင် သူမ၏ဆရာအား ပိုမို၍ပင် လေးစား လာကြတော့သည်။

"လူတွေက ရှားပါးတဲ့ အရာတွေကို ပို အဖိုးတန်တယ်လို့ ထင်ကြတယ်၊ တကယ်လို့ ဝန်ဆောင်မှု ကို ကန့်သတ် မထားရင် သူတို့က တန်ဖိုးရှိတယ်လို့ ထင်ကြမှာ မဟုတ်ဘူး"

"ဒီတွင်းကို ဖြည့်လိုက်ပါ၊ ပြီးရင် ရှင်တို့နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်၊ ပင်လည်း ပင်ပန်းနေတော့ အလုပ်လုပ်ရင်း အနားယူဖို့ လိုတယ်။" ရှဲ့ချောင်သည် စကားပြော၍ ပြီးသောအခါ အားလျော့စွာဖြင့် ချောင်း နှစ်ကြိမ် ဆိုးလိုက်သည်။

သူမ၏ မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူလျော့နေပြီး ခန္ဓာကိုယ်မှာလည်း အလွန် သွယ်လျနေသောကြောင့် သူမ၏ ကျန်းမာရေးမှာ ကောင်းမွန်နေသည့်ပုံ မပေါ်ပေ။

ကျောက်ရွှမ်ကျင်းသည် လက်ဟန်အမူအရာ ပြလိုက်သောအခါ နန်းတွင်းကိုယ်ရံတော်များသည် ရှေ့သို့ သွားကာ အားအနည်းငယ် စိုက်ထုတ် ရုံဖြင့် ကြီးမားသော တွင်းကြီးအား ဖို့နိုင်ခဲ့ကြသည်။

ရှဲ့ချောင်သည် သူမ၏ စကားကို တည်ကာ ကိုယ်ရံတော်များ၏ နားနေရာ စခန်းသို့ လိုက်သွားခဲ့သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now