Chapter-8

884 114 2
                                    

【Unicode】
Chapter 8 - Sharp Tongued and Straightforward Half- immortal Xie
(လျှာစောင်းထက်ပြီး တည့်တိုးဆန်သော အမတအရှင်ရှဲ့)

မကောင်းဆိုးဝါးဝိဉာဉ်မှာ ယခုအချိန်တွင် အလွန်စိတ်တိုနေပြီ ဖြစ်၍ သူနှင့် ပြောဆိုဆက်ဆံရန် ခက်ခဲလေသည်။

အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်က ဆိုးရွားလွန်းသောကြောင့် ဖြစ်သည်။

ထိုအချင်းအရာသည် ဖြူစင်သန့်ရှင်းသောလူတစ်ယောက်ကို လူအများရှေ့၌ အဝတ်အစားများချွတ်ချစေကာ အရိုးများကို မြင်သာအောင်ပြစေပြီး သူတို့၏ သနားကြင်နာမှုကို ခံယူစေသည် နှင့်ပင် တူလေသည်။

ဘယ်လိုလုပ် သူ စိတ်မတိုပဲ နေနိုင်မလဲ?

နန်းတွင်းကိုယ်ရံတော်သည် လမ်းလျှောက်သွားကာ အထုပ်အား ဖွင့်လိုက်လေသည်။ အမှန်တကယ်ပင် မကောင်းဆိုးဝါးဝိဉာဉ်၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားတော့သည်။

ထိုအခါ အမဲရောင်မီးခိုးငွေ့များ စတင်ပြန့်နှံ့လာကာ ယင်းသည် ယင်စွမ်းအင်များ ဖြစ်၍ ရှဲ့ချောင်မှ လွဲ၍ တစ်ခြားလူများ မမြင်နိုင်ပေ၊ သူမသည် ထိုယင်စွမ်းအင်အား သဘောမကျပါ၊ သူမအတွက်တော့ ထိုယင်စွမ်းအင်များသည် မျက်စိစူးစရာပင်ဖြစ်လေသည်။

မကောင်းဆိုးဝါးဝိဉာဉ်သည် သိပ်အစွမ်းမထက်သောကြောင့် ထိုယင်စွမ်းအင်များ ပြန့်နှံ့သွားသော်လည်း ကြီးမားသော ပြသာနာအားမဖြစ်စေ၊ ကံဆိုးမှုများကို ရက်အနည်းငယ်ခံစားရနိုင်ပေမဲ့ အသားကျသွားသောအခါ အဆင်ပြေသွားမည်ဖြစ်သည်။

နန်းမြို့တော်၏ ကိုယ်ရံတော်ခေါင်းဆောင်သည် တုန်လှုပ်သွားခဲ့၏။

"သခင်လေး ဒါတွေက လူအရိုးတွေပဲ" ကိုယ်ရံတော်ခေါင်းဆောင်က ချက်ချင်း ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် ဤမိန်းကလေးမှာ သံသယဖြစ်ဖွယ်ကောင်းကြောင်း သိသွားသဖြင့်

"မိန်းကလေး အခုက ည‌နက်နေပြီ၊ ပြီးတော့ မင်းက ဒီမှာ အရိုးတွေတူးနေတယ်၊ မင်းဘာလုပ်ချင်နေတာလဲ? မင်း သင်္ချိုင်းဂူ ဖောက်နေတာလား?" ကျောက်ရွှမ်ကျင်းသည် သူ၏ မျက်ခုံးများကို တွန့်ကာ မေးမြန်းလိုက်သည်။ သူ၏ အသံမှာလည်း အနည်းငယ် အေးစက်နေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now