Chapter-5

979 122 0
                                    

【Unicode】
Chapter-5 (ကောင်းချီးမင်္ဂလာမြေ)

တိုးညှင်းသောအသံဖြင့် ရှဲ့ချောင် ပြန်ဖြေလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ကာ ဝါးသေတ္တာထဲမှ ပေါက်တူးတစ်ချောင်းထုတ်ယူလိုက်ပြီး ထိုနေရာတွင်ပင် ကျင်းတစ်ခု ထတူးလိုက်သည်။

"အဲ့တော့ ကျုပ်ကသေသင့်တယ်လို့ ပြောလိုက်တာလား"

ထိုဝိညာဉ်မှာထိန်းမနိုင်သိမ်းမရဒေါသထွက်ကာ ဒေါသတကြီးမေးလိုက်ပြီးသည့်နောက် ရှဲ့ချောင်၏ခြေဖျားအောက်မှသစ်ရွက်များမှာ စတင်လှုပ်ခတ်စပြုလာသည်။

သို့သော် ရှဲ့ချောင်မှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲပြောလိုက်သည်။

"ရှင့်ရဲ့ အသွင်အပြင်က ရှင်သေခါနီး ဖြစ်သွားခဲ့တဲ့ပုံစံပဲ ရှင့်မျက်လုံးတွေက နီရဲနေပြီးတော့ မုတ်ဆိတ်မွေး တွေကတော့ နည်းနည်းဝါနေတယ်။ ကြည့်လိုက်တာနဲ့ ရှင်ကစိတ်ဆတ်ပြီး စိတ်မရှည်တတ်တဲ့ လူဆိုတာသိနိုင်တယ်။ ဒီလိုစိတ်ထားမျိုးက ရှင့်က်ိုကံဆိုးမှုတွေဆီ မလွှဲမရှောင်သာ ပို့ပေးမှာပဲ နောက်ပြီးပါးစပ်နဲ့ အသက်ရှူတယ် နားရွက်နောက်မှာ အနက်ရောင်အစက်တွေ ရှိနေတယ် အဲဒါက မရင်းနှီးတဲ့နေရာတစ်ခုမှာ သေဆုံးရမယ့် ကံကြမ္မာဆိုးရဲ့ လက္ခဏာပဲ။ ဝိဉာဉ်တစ်ယောက်ရဲ့ အသွင်အပြင်က သူနောက်ဆုံးချိန်မှာကြုံခဲ့တဲ့ အတွေးကြောင့် ဖြစ်လာတယ်ဆိုတာ ရှင်နားလည်လား?"

ထိုဝိညာဥ်၏မျက်လုံးများသည် ယခင်ကထက်ပင် ပိုနီသွားသည်။

သူမကို အရှင်လတ်လတ်သတ်စားတော့မည့်ဟန်နှင့် ရွေ့လျားလာသည်။

ရှဲ့ချောင်အနားသို့ ထိုဝိညာဉ်ရောက်လာသည်နှင့်အမျှ ၎င်းသည် သူမထံမှ အမွှေးနံ့သာသင်းရနံ့ဖျော့ဖျော့လေးရနေ၏။

ရုတ်တရက် ဝိညာဥ်မှာ ရပ်တန့်ကာ​ ငြိမ်​သက်​သွားသည်​။

"မင်းပြောတာဟုတ်ပါတယ် ကျုပ်က စိတ်မြန်လက်မြန်လုပ်တတ်ပြီး ကျုပ်သခင်ကို ဒုက္ခရောက်အောင်လုပ်ခဲ့မိတယ် ကျုပ်ကြောင့်သာမဟုတ်ရင် ကျုပ်သခင်ရဲ့လုပ်ရပ်တွေပေါ်သွားမှာမဟုတ်ဘူး အဲ့တော့ကျုပ်လည်းလိုက်ရှာခံရပြီး အသတ်ခံရမှာမဟုတ်ဘူး အခုဒီနေရာမှာကျုပ်သေသွားပေမယ့် ကျုပ်သခင်ကတော့ သေလားရှင်လားတောင် မသိနိုင်သေးဘူး"
ရုတ်တရတ် သူ့မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီး ငိုချတော့သည် ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now