Chapter 75

355 58 0
                                    

Chapter-75(မင်းတို့ဘာလုပ်နေကြတာလဲ?)

ခေတ်ကောင်းစဉ်အခါက၊ အာဏာရှိပညာရှင်အကြံပေးတစ်ဦးသည် တောင်ပေါ်တွင် ရှဲ့ မိသားစုနှင့်အတူနေထိုင်ခဲ့ဖူးသည်။

ထိုပညာရှင်အကြံပေး မြှောက်စားခံရပြီးကတည်းကစ၍ ရာထူးတိုးခြင်းခံခဲ့ရသည်။

ဧကရာဇ်မင်းမြတ်က သူ့ကို တော်ဝင်ပညာရှင်
အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယအဆင့် အရာရှိဖြစ်တဲ့ ‌ခရမ်းရွှေရောင်ကွမ်လုသမားတော်ဘွဲ့ ခန့်အပ်ခြင်းခံခဲ့ရလေသည်။ တစ်ဖက်မှာတော့ သူကဖုန်းရွှေကြည့်တာကို အဓိကထား လုပ်ဆောင်ပေးပြီး အခြားတစ်ဖက်တွင်တော့ သူကဧကရာဇ်ဘုရင်မင်းမြတ်နှင့် နီးစပ်သောအရာရှိတစ်ဦးဖြစ်လာသည်။ ဘုရင်မင်းမြတ်သည် သူ့အားသဘောကျသည့်အတွက် တော်ဝင်နန်းတွင်းမှ တခြားသောအရာရှိများကလည်းသူ့အား လေးစားကြရပေသည်။

တစ်ချိန်တည်းမှာပင် ထိုတော်ဝင်ပညာရှင်သည်… ရှဲ့ဖင်းကန်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိလေသည်။

ရှဲ့ချောင်သည်တော့ အခြားသူများ၏အတွေးများအား မည်သို့သိနိုင်မည်နည်း။

သူမသည် ရှဲ့မိသားစုမှ ပေးသော ငွေစက္ကူ ၅၀၀၀မှာ နေရာကောင်းတွင် ဆိုင်တစ်ဆိုင်ဝယ်ရန် လုံလောက်မှုရှိမရှိ တွေးတောနေခဲ့သည်။

တစ်ချိန်တည်းမှာပင် နန်းမြို့တော်မှလူအချို့မှာ သူမအား ရှာဖွေနေကြသည်။

"အစ်ကိုချင်း၊ အလျင်စလိုမလုပ်ပါနဲ့။ ဘာပဲဖြစ်​ဖြစ် မင်းကိုကယ်​တင်ဖို့ အမတအရှင်ရှဲ့ကို ဒူး​ထောက်​ပြီး ​တောင်းပန်​ရမယ်ဆိုရင်​​တောင်​ ​ ​သေချာ​ပေါက်​​လုပ်ပေးမှာပါ!" နန်းတွင်းသက်တော်စောင့်ကျို့ သည် သူ့သူငယ်ချင်းကောင်းကို ကြည့်ရင်း စိတ်မကောင်းကြီးစွာဖြစ်လျက်ရှိသည်။

ချင်းကျီကား ယခုအချိန်တွင် အိပ်ယာထက်တွင် လဲလျောင်းနေ၏။

သူသည် အားနည်းကာ ကြည့်ရဆိုးနေသည်။

ရေထဲတွင် နစ်မြုပ်နေသလိုပင်။အသက်ရှူရခက်ပြီး ခံစားရဆိုးနေသည်။

ချင်းကျီလည်း သူ့ကိုယ်သူ တိတ်တဆိတ် သနားမိသွားသည်။

ကံမကောင်းပုံများ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now