Chapter 49

421 58 0
                                    

Chapter :49 (ဘာမှ မကျန်တော့)

ဖေဝမ်ယွဲ့ နားမလည် နိုင်ပေ။ ရှဲ့ချောင် သူတို့နှင့် တစ်ခါမှ မဆုံဖူးဘူး မဟုတ်ဘူးလား?။

ခဏလောက် စကားပြောပြီး သည်နှင့် ဘာကြောင့်များ သူတို့နှင့် ရင်းနှီးသလို ဖြစ်သွားရသလဲ သူမ မသိပေ။

ဖေဝမ်ယွဲ့မှာ ထိုအကြောင်းကို ခဏ စဉ်းစား လိုက်ပြီး စကားပြောရန် အခွင့်အရေးကို ဆုပ်ကိုင် လိုက်သည်။ “အစ်မရှဲ့ကို သွားခေါ်တုန်းက မမငွေတွေ ပျောက်သွား သေးတယ်။ ညီမလေးရှီအာ အတွက် အများကြီး ပြင်ဆင်လာ ပေးတာ။ အခု မပေး နိုင်တော့ဘူး။ စိတ်မကောင်း စရာပဲ…”

သူမကို ကြည့်ဖို့ ရှဲ့ရှီ ခေါင်းမော့ လိုက်သည်။ သူမ၏ မျက်လုံးများသည် ဖြူစင်သည်။

"ပိုက်ဆံ ပျောက်သွား တာလား? ဘယ်လောက်တောင်လဲ?" ရှဲ့ဖင်းကန်း မျက်မှောင် ကြုတ်လိုက်သည်။

ထိုအချိန်တွင် သခင်မလုမှာ အဝေးတစ်နေရာ ရောက်နေပြီ ဖြစ်သည်။ ငွေစာရင်း စစ်ရန် သူ့(ရှဲ့ဖင်းကန်း)အဖေအား အားကိုး၍ မရသောကြောင့် သူက အဓိက လုပ်ဆောင်နေသူ ဖြစ်သည်။

မိသားစု၌ ငွေ မည်မျှ ရှိလဲ ဆိုသည်အား အကြမ်းဖျင်းတော့ သူ သိသည်။

သခင်မလု ထွက်သွားစဉ်က သူမနှင့်အတူ ငွေစ၅၀၀၀ ကို ယူဆောင် သွားခဲ့သည်။

သူ့အဖေနှင့် သူ၏လစာမှာ အလွန် ရှုပ်ထွေးသည်။ လာဘ်ပေး လာဘ်ယူ မှုတွင် မပါဝင်သည့် အရာရှိများ အနေနှင့် အစားအသောက်နှင့် အထွေထွေသုံး ပစ္စည်းများကို ဝယ်ခြမ်း ပြီးနောက် တစ်နှစ် ဝင်ငွေသည် ငွေစ ရာချီ အနည်းငယ်သာ ကျန်သည်။

ပုံမှန်အတိုင်း သူတို့အား ပေးထားသော လယ်ကွင်းများမှ ၀င်ငွေ၊ ဆုလာဘ်များနှင့် သူတို့ ပိုင်ဆိုင်သည့် ရွာများနှင့် ဆိုင်များမှ ရသော ဝင်ငွေ မပါချေ။သူတို့သည် ထိုအိမ်ခြံမြေ များမှရသော ၀င်ငွေ အပေါ်တွင် နှစ်စဉ် မှီခိုနေရခြင်း ဖြစ်သည်။

မိသားစုတွင် ရွာသုံးရွာနှင့် ဆိုင် ဆယ်ခု ရှိသည်။ သူတို့ ကိုယ်တိုင် ဦးစီးခြင်း မဟုတ်ပဲ ဌားထားခြင်း ဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now