Chapter 82

287 45 0
                                    

၈၂။ (ငွေပဲစေ့)

ရှဲ့ချောင် အတော်လေးအံ့အားသင့်သွားခဲ့လေသည်။

တော်ဝင်ကျောင်းတော်သည် ၎င်းတို့၏ ဝတ်ရုံလက်များအောက်၌ များပြားလှစွာသော ပရိယာယ်များရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

“ ဒီအကြောင်းအရာတွေအကုန်လုံး ငါတစ်ခါမှ မကြားဖူးဘူး။ မိန်းကလေး ဒါနဲ့ပတ်သက်ပြီး ထပ်ပြောပြပေးနိုင်မလား? “ ရှဲ့ချောင်၏ အသံအနေအထားမှာ ဖန်းမုရွှယ်အား ကြည့်လိုက်သည်နှင့် ပျော့ပျောင်းနေလေသည်။

“ နင်လုံးဝတွေးမိမှာ မဟုတ်ဘူး? “ ဖန်းမုရွှယ်မှာ အံ့ဩသွားခဲ့သည်။ 

နန်းမြို့တော်ကလူတိုင်း တော်ဝင်ကျောင်းတော်ရဲ့ စည်းမျဥ်းတွေကို သိကြတယ်မဟုတ်ဘူးလား!? 

“ ငါ နန်းမြို့တော်ကိုရောက်တာ သိပ်မကြာသေးဘူး “ ရှဲ့ချောင်ကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေလေသည်။

“ မဖြစ်နိုင်လိုက်တာ။ နင်ဟန်ဆောင်နေတယ်ဆိုတာ ငါလောင်းရဲတယ်! နင်ဒီကို ရောက်နေပြီကို ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို ဘယ်လိုလုပ် မသိရတာလဲ? “ ရှားယာ့ယွင် သူမအား မယုံကြည်ပါချေ။

နန်းမြို့တော်၌ ကျောင်းတော်သုံးခု ရှိ၏။ တော်ဝင်ကျောင်းတော်အား လာတက်ရောက်သည့် လူတိုင်းက စာလေ့လာရန်သက်သက်လာရုံသာ မဟုတ်ပေ!

အထူးသဖြင့် အမျိုးသမီးများပင်။ ၎င်းတို့၏ အဓိကလာရသည့်အကြောင်းအရင်းမှာ တော်ဝင်ကျောင်းတော်၏ ဂုဏ်သတင်းကောင်းနှင့် စည်းကမ်းတင်းကြပ်မှုကြောင့်ဖြစ်သည်!

ကျောင်းတော်ဆီသို့ မလာမီက သူမသည် ထိုနေရာ၌ရှိသော စည်းမျဥ်းတစ်ခုချင်းစီအား သင်ယူခဲ့၏။ စည်းမျဥ်းတစ်ခုခုအား ဆန့်ကျင်မိမည်ကို သူမ စိုးရိမ်နေခဲ့သည်။

ရှဲ့ချောင် ကူကယ်ရာမဲ့သလို ခံစားနေရ၏။

“ငါအခုလေးတင်ကြားလာခဲ့တာ ကျောင်းတော်ရဲ့စာကြည့်တိုက်မှာ အတည်ပြုမိတ္တူတွေ အများကြီးရှိတယ်တဲ့။ ဒီတော့ အဲ့တာတွေကို သွားဖတ်ရမယ်ထင်တယ် “ တိုတိုနှင့် ချိုသာအောင် ရှဲ့ချောင်ဖြေလိုက်၏။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now