Chapter 40

456 69 0
                                    

Chapter : 40 (မွဲနေပြီ)

ဖေဝမ်ယွဲ့ လျင်မြန်စွာ ခေါင်းယမ်းပြလိုက်သည်။ သူမပုံစံမှာ အတော်လေးကြောက်လန့်နေသကဲ့သို့ "မဟုတ်ပါဘူး။ လမ်းမှာတုန်းက ထိတ်လန့်စရာလေးတစ်ခု ကြုံခဲ့ရလို့ပါ။ ဘာမှမဖြစ်ပါဘူး။ အဖေ စိတ်ပူစရာ မလိုပါဘူးရှင့်"

"ထိတ်လန့်စရာ? လမ်းမှာ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ?"

ရှဲ့နျိုရှန်းသည် ထို့ထက်ပိုမေးရန် မရည်ရွယ်ခဲ့ပေ။ ရုတ်တရက်ပေါ်လာသည့် သူ၏သမီးဖြစ်သူအား ကွဲထွက်နေသည်ဟု ခံစားနေရမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမအား ချော့ရန်ကြိုးစားလိုက်၏။

ဖေဝမ်ယွဲ့သည် တစ်စုံတစ်ခုကိုပြောရန် အခက်အခဲရှိနေသကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့သည်။

သူမ၏ အပြုအမူကြောင့် ရှဲ့နျိုရှန်းသည် ပို၍ပင် သိချင်လာတော့သည်။

"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ?" ရှဲ့နျိုရှန်း၏အသံ မဲမှောင်နေသည်မှာ တစ်စုံတစ်ယောက်အား ရိုက်နှက်ထုထောင်းရန် အသင့်ဖြစ်နေသကဲ့သို့ပင်။

သူမ၏ သမီးဖြစ်သူ ကြောင်အနေသည်ကို တွေ့သောအခါ သခင်မလုမှ ပြောလိုက်၏။ "ကျွန်မတို့ အဲဒီကောင်မလေးရှဲ့ချောင်ကို သွားခေါ်ခဲ့တုန်းက သူမက ထူးဆန်းတဲ့အထုပ်တစ်ထုပ်ကို ယူလာခဲ့တယ်လေ။ ကျွန်မတို့ကလည်း သံသယဖြစ်စရာ တစ်ခုခုဖြစ်နေမှာဆိုးလို့ လန့်ပြီး စစ်ကြည့်ရမယ်ထင်မိလို့ ဖွင့်ပြီး ချောင်းကြည့်လိုက်တယ်။ အဲ့တာက လူအရိုးတွေ ဖြစ်နေမယ်လို့လည်း ကျွန်မတို့ မထင်ထားခဲ့ဘူး။ ပြီးတော့ ရှဲ့ချောင်က ဝမ်ယွဲ့ကို အရိုးတွေကို ပြန်ထည့်ပြီးထုပ်ပေးဖို့ ဖိအားပေးတယ်။ သူမက သတ္တိနည်းပြီး လောကကြီးရဲ့ ကြမ်းတမ်းရက်စက်မှု ဖြစ်ရပ်တွေကို အတွေ့အကြုံမရှိသေးဘူးလေ။ အဲဒါကြောင့် သူမ ချောက်ချားတုန်လှုပ်သွားခဲ့တာ"

အဲ့တာလေးကြောင့်နဲ့လား?

ရှဲ့နျိုရှန်း မျက်ခုံးပင့်လိုက်၏။

အဲ့တာက ဒီအတိုင်း လူအရိုးစုတစ်ခုလေးပဲလေ...

"နည်းနည်းလောက်ထပ်ပြီး လေ့ကျင့်လိုက်။ မင်းရဲ့ အစ်ကိုအကြီးဆုံးက ဒီလိုအရိုးစုတွေ သန့်ရှင်းပြီးသပ်ရပ်သွားအောင် ပြုပြင်နိုင်တဲ့ ဆေးဝါးတစ်ချို့ကို အဓိကထားပြီး ထုတ်နေတာ။ ဒါတွေက သူ့ရဲ့စာလေ့လာမှုထဲက ဖြတ်ကျော်ရမယ့်အရာတွေလေ။ အခုရော၊ နောက်ရော မင်းမြင်နေရပြီး ကြုံတွေ့ရနိုင်တယ်။ နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်မြင်ပြီးရင်တော့ မင်းလန့်တော့မှာ မဟုတ်ပါဘူး" ရှဲ့နျိုရှန်းမှ မထူးဆန်းသလို ပုံမှန်အတိုင်း ပြောလိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now