Chapter-6

924 114 0
                                    

【Unicode】

Chapter 6: (အမျိုးသမီး တစ္ဆေ)

ရှဲ့ချောင် ဤတွင်းအား တူးနေသည်မှာ နာရီ အတော်ကြာပင် ရှိပြီဖြစ်သည်။
ပတ်ဝန်းကျင်မှာလည်း မှောင်နေလေပြီ။

အနီးအနားသစ်ပင်ပေါ်၌ ချိတ်ဆွဲထားသော မီးအိမ်တစ်လုံးသာ ရှိလေသည်။ လေညှင်း တိုက်ခတ် လိုက်သောအခါ မီးတောက်သည် တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။ မီးစုန်းများ ကခုန်နေသည်နှင့်ပင် တူသည်။

"ကြည့်ရတာ ငါတို့ အရိုးတွေအထိ ရောက်ပြီထင်တယ်"
ရှဲ့ချောင်သည် သိုးမွေးသားရေ လက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်ပြီး အရိုးများကို တွင်းထဲမှာ ဖြေးညှင်းစွာ ထုတ်ယူလိုက်သည်။

ဤအလောင်းသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့် ကမှ သေဆုံးခဲ့သည် ဖြစ်သောကြောင့် အရိုးများမှာ ‌အတော်လေး သန့်ရှင်းနေခဲ့သည်။
အကယ်၍ ပုတ်သိုးဆွေးမြေ့နေသော အလောင်းသာ ဖြစ်ခဲ့လျှင် ထိုသို့ပြုလုပ်သည်မှာ သိက္ခာမရှိသော လုပ်ရပ် ဖြစ်သည်။

ရှဲ့ချောင်သည် အထူးဂရုစိုက်၍ အရိုးများကို ရွေ့နေခဲ့သည်။

"တ တစ္ဆေတစ်ကောင်" ဟု တစ်စုံတစ်ယောက်က ရုတ်တရက် မလှမ်းမကမ်း မှ အော်လိုက်သည်။
ထို့နောက် သူတို့သည် အလုအယက် ထွက်ပြေးခဲ့ကြသည်။

ရှဲ့ချောင်သည် ထိုအသံကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ပြီး
"ဒါ မကောင်းဘူး တစ်ယောက်ယောက် မင်းကို တကယ် မြင်သွားတာ ဖြစ်နိုင်တယ်"

နတ်ဆိုး၏ မျက်လုံးမှာ ပြူးသွားခဲ့သည်။

မဟုတ်ဘူး..ထို ကြောက်လန့်နေသော လူ အော်ပြောခဲ့သော တစ္ဆေမှာ သူမဖြစ်နိုင်ပေ။ သူ ပြောနေခဲ့သည်မှာ ဒီဆရာအကြောင်းဖြစ်သည်။

ထို လူသည် အမှန်တကယ်တွင် ဆီးသွားရန် နေရာတစ်ခု ရှာဖွေလိုခဲ့ခြင်းဖြစ်သည်။ ထိုအစား သူသည် ကြောက်လန့်တကြားဖြင့် သူ၏ ဘောင်းဘီများကိုပင် ပြန်ပင့်တင်ရန် မေ့လျော့ကာ ဒယိမ်းဒယိုင်ဖြင့်ပင် သူ၏ အဖွဲ့ဆီသို့ ပြန်လှည့်ပြေးလာခဲ့သည်။

"တ တစ္ဆေ! ပေတစ်ရာကျော်အကွာလောက်မှာ  အမျိုးသမီး တစ္တေ တစ်ကောင်ရှိနေတယ်!"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now