Chapter 61

509 80 0
                                    

Chapter : 61 (လှပသောမျက်နှာလေး)

စကားပြောလို့အပြီးမှာ လူတိုင်းသည် ရှဲ့ဖင်းဟွိုက်အား ကြည့်လိုက်ကြ၏။

ရှဲ့ဖင်းဟွိုက်မှာ စိတ်ရှုပ်ထွေးသွားခဲ့ကာ
“ မင်းတို့ ငါ့ကိုဘယ်လောက်ပဲကြည့်နေနေ ကိစ္စမရှိဘူး ၊ ငါ့အစ်မအကြောင်းလည်း ငါ ဘာမှမသိဘူး ၊ သူမက ငယ်ငယ်လေးကတည်းက တာအိုဘုရားကျောင်းမှာ ကြီးပြင်းလာခဲ့တာ ”

“ တာအိုဘုရားကျောင်းမှာလား။အရင်ကတည်းကလေ? ”
လူတိုင်းက ထိုအကြောင်းကိုကြားပြီးနောက်
အံ့အားသင့်သွားခဲ့ကြသည်။

“မဟုတ်သေးဘူး။ တာအိုဘုရားကျောင်းကလူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဗုဒ္ဓဘာသာအကြောင်းကိုသိနေရတာလဲ ”

“ဟုတ်တယ် ။ အဖေကတော့ သူမရဲ့ဘဝကအရမ်းပဲဆိုးရွားခဲ့တာလို့ ပြောဖူးတယ် ။အကြီးဆုံးအစ်မက ချူချာတယ်။ အဲဒါကြောင့် သူမကို အိမ်မှာပဲပြုစုပျိုးထောင်ပေးရင် အန္တရာယ်ရှိနိုင်တာမလို့ သူမကိုမွေးပြီးပြီးချင်းမှာပဲ တစ်စုံတစ်ယောက်က ခေါ်သွားခဲ့တာ ။အဲတော့ သူမ ပညာတတ်လား မတတ်ဘူးလားဆိုတာ ငါလည်း သေချာမသိဘူး ။ပြီးတော့
ငါ့အစ်မ နေခဲ့တဲ့တာအိုဘုရားကျောင်းက
အရမ်းဝေးတယ်လေ ။သူမ စာလုံးနည်းနည်းလောက်ပဲ သိတာလို့ ငါထင်တာပဲ။” ဟု ရှဲ့ဖင်းဟွိုက် ပြောလေသည်။

“ သနားစရာပဲ။ သူမ အရမ်းလှနေလည်း အလကားပါပဲ ”

လူတစ်စုမှာ မတတ်နိုင်စွာဖြင့် အံ့အားသင့်ခဲ့ကြသည်။

ဒါဆိုရင်တော့ သူမတွင် အလွန်လှပသည့်ရုပ်ရည်ရှိလိမ့်မည်ပင်။

“ အိုး ဟုတ်သားပဲ ၊ မင်းရဲ့အဖေ
မနက်ဖြန်ကျရင် ငွေတွေပို့ပေးတော့မှာမလား ”
တစ်ယောက်က မေးလိုက်သည်။

“ ဟုတ်တယ် ထင်တာပဲ၊ ဘာလို့လဲ ”
ရှဲ့ဖင်းဟွိုက် ဇဝေဇဝါနှင့် မေးလိုက်၏ ။

လူတိုင်းက သူ့အား ထူးဆန်း‌သောအကြည့်များဖြင့် ကြည့်လိုက်ကြကာ ဘာမှမဟုတ်တော့ပါဘူးဟုသာ ပြောကြလေသည်။

ရှဲ့ဖင်းဟွိုက်လည်း လှောင်ပြုံးပြုံးကာ သူတို့အား လျစ်လျူရှုလိုက်၏။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီTahanan ng mga kuwento. Tumuklas ngayon