Chapter 84

357 50 0
                                    

၈၄။ (ဆာလောင်မှု)

ရှားယာ့ယွင်ပြောလိုက်သည်နှင့် ရှဲ့ချောင် ခပ်ဖွဖွပြုံးလိုက်၏။

ကောင်းသည်ပင်။

တစ်ခဏမျှကြာသော် သူတို့ အတန်းသို့ သွားခဲ့ကြ၏။

လက်တွေ့တွင်တော့ အတန်းထဲရှိလေထုမှာ အတော်လေးထူးဆန်းနေလေသည်။ ထိုအခြင်းအရာအား ဆရာလု သတိမထားမိသည်မှာ မဖြစ်နိုင်သော်လည်း ဆရာလုသည် မမြင်ချင်ယောင်ဆောင်နေပေ၏။

သူသည် မည်သည့်အရာကိုမှ မပြောသလို မည်သည့်အရာကိုမှလည်း မမေးခဲ့ပေ။

ရှဲ့ချောင် သူမဘာသာတွေးလိုက်၏။ ‘ ဒီတော်ဝင်ကျောင်းတော်ရဲ့ သင်ကြားနည်းက အကန့်အသတ်မရှိပုံစံပေမယ့် ထိန်းချုပ်ထားတဲ့အပြုအမူတွေရှိသေးတာပဲ ‘

အချက်အလက်အရ အကဲဖြတ်ကာ တစ်ခုပြောနိုင်သည်မှာတော့ ရွှေနှင့်ငွေပဲစေ့စနစ်တစ်လျှောက် ၎င်းတို့သည် အစေခံအား ခေါ်လာခွင့်မရှိပေ။ 

“ နင်ပဲစေ့တွေလိုချင်တယ်ဆိုရင် တခြားအတန်းတွေကို သွားရလိမ့်မယ် “ ဆရာလုအတန်းပြီးဆုံးသည်နှင့် တစ်စုံတစ်ယောက်သည် ရှဲ့ချောင်အား အနောက်မှ ညင်သာစွာထိလိုက်၏။ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ရှဲ့ချောင် လှည့်ကြည့်လိုက်၏။ သူမ အတော်လေး အံ့အားသင့်သွားခဲ့သည်။

ထိုမိန်းကလေးသည် ခေါင်းကိုငုံ့လိုက်ကာ “ တစ်လအတွင်း ပဲစေ့၅၀၀ရအောင် လုပ်ရတာ ခက်တယ်။ နင်ရှုံးနိုင်တယ် “

“ နင် ‘နိုင်တယ်’ လို့ ပြောထားတယ်လေ “ ရှဲ့ချောင်မှာ တည်ငြိမ်နေသည်။ အသက်ရှုခြင်းကို ထိန်းညှိရန် သူမ၏ ရင်ဘတ်အား ပုတ်လိုက်၏။

“ တကယ်လို့ နင်ပဲစေ့တွေလိုချင်တယ်ဆိုရင် စာအုပ်တွေ ကူးပေးလို့ရတယ်။ ချည်ထိုးပန်းထိုးလုပ်လို့ရတယ်။ ဒါမှမဟုတ် ဆရာတွေအတွက် စာရင်းအင်းလုပ်ပေးလို့ရတယ်…ဆရာတွေမှာ မြင့်မားတဲ့ လိုအပ်ချက်တွေရှိနေရင်တော့ သူတို့ရဲ့ စံနှုန်းကို မမှီမချင်း နင်ဘာပဲစေ့မှ ရမှာမဟုတ်ဘူး။ ဆရာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမိရင် နင်ပြန်လျော်ရလိမ့်မယ် “ ထိုမိန်းကလေးမှ ထပ်ဖြည့်ပြောလိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now