Chapter 69

427 65 0
                                    

Chapter:69 (ဦးခေါင်းခွံလေ့လာခြင်း)

ရှဲ့ချောင်က ကြာပွတ်ကို ဖယ်လိုက်ပြီး ကုလားထိုင်ပေါ်ထိုင်ချလိုက်သည်။  နားထောင်ရန်အဆင်သင့်ဖြစ်နေပုံရသည်။

မကောင်းဆိုးဝါးဝိဥာဉ်မှာ အလွန်တရာရုပ်ဆိုးလှသည်။ ၎င်းမှာထိုအချိန်၌ မထဝံ့ပေ။

“ဆန္ဒလား…” မကောင်းဆိုးဝါးဝိဥာဉ်၏ အသံသည် ပျော့ပျောင်းနေသည်။ ပါးစပ်ကိုဖွင့်ဟလိုက်ပြီးမှ နှုတ်ဆိတ်သွားပြန်သည်။

သူ့ရဲ့ဆန္ဒကဘာလဲ။

တကယ်တော့ သူ့မှာ စိတ်ကူးပင်မရှိ။ သေပြီးသားမဟုတ်လား။ သူ့ကိုမြင်နိုင်တဲ့သူတစ်ယောက်ကို ထိမိသွားတာက အံ့ဖွယ်အခိုက်အတန့်တစ်ခုဖြစ်တဲ့အလျောက် သူ့နောင်တတွေကို ဖြည့်ဆည်းပေးစေချင်တာက သဘာဝကျတယ်မဟုတ်လား။

ဒါပေမယ့် သူ့မှာဆန္ဒအရမ်းများလွန်းနေသည်လေ။

ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရပြီး ၊ ကြောက်စရာကောင်းသည့် ပုံစံနှင့်သေဆုံးခဲ့ရသည်။ အိမ်ထောင်မပြုရသေးသလို ကလေးလည်းမရှိပေ။ ဘဝအတွက် ပိုက်ဆံရှာပြီး အရသာရှိသောမည်သည့်အရာကိုမှပင် မစားခဲ့ဖူးပေ။ လွန်ခဲ့သော အနှစ်( ၂၀)လုံးလုံး ဘာမှမရှိသောဘဝနှင့် နေထိုင်ခဲ့ရသည်။

မကောင်းဆိုးဝါးဝိဥာဥ်က  ၎င်းကို တွေးရင်း ငိုကြွေးနေသည်။

ရှဲ့ချောင်က အလျင်စလိုမချည်းကပ်ပဲ ။ “သေချာလေးတွေးလိုက်ပေါ့ သင်္ဂြိုဟ်မယ်ဆိုငွေငါးစကုန်မယ်။ မြေကောင်းကောင်းမှာ မြှုပ်ခံရချင်ရင် အနည်းဆုံး ငွေအစ၂၀စျေးပိုပေးရမယ်။ ဘုန်းကြီးတွေနဲ့ကျကျနနလုပ်ချင်ရင် ငွေပိုပေးရမယ်။ 'ပစ္စည်း' ကအနည်းဆုံး ငွေ ၅၀လောက်တန်တယ်။ တံဆိပ်ခတ်ထားမှာမဟုတ်တော့ ဒီဇိုင်းလည်းကိုယ့်ဟာကိုယ်ရွေးလို့ရတယ်”

မကောင်းဆိုးဝါးဝိဥာဥ်က ခေါင်းကို မော့ကြည့်လိုက်ပြီး ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။

"ဒီလောက်ဈေးကြီးတာ! ဘာပစ္စည်းမို့လို့လဲ"

“ပစ္စည်းလား…” ရှဲ့ချောင်က သူမ၏ ခြင်းတောင်းတွင်းနှိုက်ရှာလိုက်ပြီး လက်ဖဝါးအရွယ်ရှိသော သစ်သားရုပ်တစ်ရုပ်ကို ထုတ်လိုက်သည်။ "ဒီတစ်ခု။ ကြိုက်တာ ထွင်းလို့ရတယ်။ အိမ်တစ်လုံးနဲ့ လူရုပ်တောင် ထွင်းပေးလို့ရတယ်။ ဒါပေမယ့် စိတ်ကြိုက်လုပ်ပေးတာဆိုတော့ဈေးကြီးတယ်။”

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now