အပိုင်း(၃၅)

262 31 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၅)

ဝူကျိုးက သူ့ထမင်းကြော်ကို ကုန်အောင်စားခဲ့သော်လည်း ပျော်ရွှင်သော ခံစားချက်ကို လုံးဝ မခံစားရပေ။ တခြားသောစားသုံးသူများ၏ပန်ကန်ထဲမှ သလင်းကဲ့သို့ကြည်လင်သော ထမင်းများနှင့် သူ့ပန်းကန်ထဲမှ အဆီတဝင်းဝင်းနှင့် ထမင်းစေ့များကို နှိုင်းယှဉ်ကာ သူ့ကြက်ဥထမင်းကြော်သည် အဆီများလွန်းသည်ဟု ခံစားမိသည်။

ကြက်ဥ နှင့် ထမင်းကို သမအောင် ရောမွှေထားသော်လည်း ယွမ်ကျိုး၏ရွှေရောင်ထမင်းကြော်ကို ယှဉ်နိုင်စွမ်းမရှိပေ။ ထို့အပြင် သူဝယ်ယူခဲ့သော ကြက်ဥထမင်းကြော်တွင် အချိုမုန့်အရသာ အနည်းငယ်ရသည်။

သိသာထင်ရှားအောင် နှိုင်းယှဉ်ပြရလျှင် ကောင်းကင်ဘုံနှင့်မြေကြီးကဲ့သို့ ခြားနားမှုရှိသည်။ ရေမှော်ဟင်းချိုအကြောင်း ထည့်ပြောရလျှင် ဝမ်းနည်းသော ခံစားချက်ကို ‌ဖြစ်ပေါ်စေသည်။

အနည်ထနေသောဟင်းချိုမှလွဲ၍ ဟင်းချိုအထဲတွင် ရေမှော်အဖတ်ကလေးကို သေးငယ်သောအဖတ်ကလေးများအဖြစ် လှီးထားသည်။ သာမန်ရေထဲတွင် အရည်အသွေးနိမ့်သော ရေမှော်အဖတ်ကလေးများ ပြန့်ကျဲနေသည်နှင့် အသွင်တူသည်။ ၎င်းရေမှော်သည် တစ်ကီလိုလျှင် ၁ယွမ်ခန့်သာ ကုန်ကျလိမ့်မည်။ ယွမ်ကျိုးစားသောက်ဆိုင်၏ သာမန်ထက် အရည်အသွေးကောင်းမွန်သော ရေမှော်ဟင်းချိုကို သောက်ပြီးနောက်
ဝူကျိုး၏ အရသာခံနိုင်သော အာရုံသည် ပို၍ကောင်းမွန်လာ၍ ဟင်းချိုကို မျိုချရန် ခက်ခဲနေသည်။

မုန်လာချဉ်ကို ငရုတ်ကောင်း၊ဆီ၊သကြားနှင့် အချိုမှုန့် ရောစပ်ထားသည်။ ယခင်က မုန်လာချဉ်အရသာကို ကောင်းမွန်သည်ဟု ခံစားမိခဲ့သော်လည်း ယခုတော့ လွှင့်ပစ်ချင်လောက်သည်အထိ စိတ်ပျက်မိသည်။

အရည်အသွေးနိမ့်သော ဟင်းခတ်အမွှေးဆီ၊သကြားလွန်ကဲစွာ ထည့်ထားခြင်းနှင့် အချိုမှုန့်လွန်ကဲသောအရသာ ပေါင်းထည့်ထား၍ မုန်လာဥ၏ နူးညံ့သောအရသာကို အနည်းငယ်မျှ မခံစားရချေ။ ဝူကျိုးက သူ့နှလုံးသားကို ချွေးသိပ်ပြီး ယွမ်ကျိုးချက်ပြုတ်ထားသော ကြက်ဥထမင်းကြော်ကို စားနေသည်ဟု စိတ်ကူးယဉ်ကြည့်သည်။ သို့သော်လည်း သူစိတ်ကူးယဉ်ကြည့်လေ  တကယ့်အရသာကို အမှတ်ရမိလေ ဖြစ်သည်။ အမှန်တရားကို ပြန်လည်မြင်ယောင်မိသောအခါ သူယခင်က အရသာရှိသည်ဟု ခံစားခဲ့သော အစားအသောက်သည် မျိုချရန်ပင် ခက်ခဲနေသည်။ သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် လက်ကိုင်အိတ်ကို အောက်ချလိုက်ပြီး အိပ်ယာပေါ်မှာ ပစ်လှဲလိုက်သည်။ ထို့နောက် နောက်တစ်နေ့ မနက်ခင်းရောက်သည်အထိ အိပ်စက်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now