အပိုင်း(၅၈)

183 23 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၈)

တစ်ခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သူ့နှုတ်ကို ဖွင့်ဟလိုက်သည်။

"ခဏနေပါဦး၊ ငါ့မှာ သက်သေရှိတယ်"

ယွမ်ကျိုးက တည်ငြိမ်နေသည်။ စားသောက်ဆိုင်ထဲမှ လူတိုင်းနှုတ်ဆိတ်သွားမှ ဆက်ပြောသည်။

"ဒီကို ရောက်နေတဲ့လူတိုင်းက ပင်လယ်ခရုတွေကို စားဖို့ ဒီဆိုင်ကို လာတာဆိုတော့ ပင်လယ်ခရုနဲ့ပတ်သက်တဲ့တစ်စုံတစ်ရာကို မင်းတို့လည်း သိမှာပါ။ ဒါကြောင့်မို့ အသုံးမဝင်တဲ့ ငြင်းခုန်မှုဆွေကို ကျော်လိုက်ပြီးတော့ ပင်လယ်ခရုနဲ့ မွေးမြူရေးခရုရဲ့ ခြားနားချက်ကိုပဲ ပြောကြမယ်"

"ဒီပင်လယ်ခရုက

"လူကြီးမင်း ပင်လယ်ခရုနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကို ခင်ဗျား ပြောနေတာလား။ ဒါက အခု ဆွေးနွေးနေတဲ့ အချက်နဲ့ ဘာများသက်ဆိုင်နေလို့လဲ"

အထွေထွေမန်နေဂျာကော်က ငြိမ်းချမ်းသော လေသံဖြင့် မေးမြန်းသည်။

"ဒါက ခင်ဗျားပြောသလိုဘဲ
မသက်ဆိုင်ပါဘူး။ ဒါပေမယ့်
ကျွန်တော်က ကျွမ်းကျင်တဲ့သူဆိုတာ သက်သေပြချင်လို့ပါ" ယွမ်ကျိုးက ပြန်ဖြေသည်။

"နောက်ပြောမယ့်ကိစ္စက ခင်ဗျားတို့အားလုံး သိချင်နေတဲ့ကိစ္စပါ။ ကျွန်တော့်အထင် မမှားဘူးဆိုရင် ပင်လယ်ခရုမွေးမြူတဲ့နည်းလမ်းမှာ လှောင်ပိတ်ပြီးတော့ မွေးမြူခြင်း၊ အလုပ်ရုံတွေမှာ သားဖောက်ခြင်း၊ လှိုဏ်ခေါင်းတွေမှာ သားဖောက်ခြင်းတို့အပြင် သဘာဝအကျဆုံး နည်းလမ်းလဲ ရှိသေးတယ်။ အဲ့ဒါကတော့ မျိုးဥတွေကို ကန်ထဲချပြီး သဘာဝအတိုင်း ပေါက်ဖွားစေတဲ့နည်းလမ်း" ယွမ်ကျိုးက ၎င်းစကားလုံးများကို ပြောလိုက်သည်နှင့် အထွေထွေမန်နေဂျာကော်၏ ယုံကြည်မှုလွန်ကဲနေသောပုံစံက အနည်းငယ်ပျက်ယွင်းသွားသည်။

"ခင်ဗျားတို့ဆိုင်မှာ ရောင်းတဲ့ခရုတွေကို ဒီနည်းလမ်းသုံးပြီး သားဖောက်ထားတာပါ" ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ သွက်သွက်လက်လက် ပြန်ပြောသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now