အပိုင်း(၃၀)

275 29 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၀)

“သူဌေးယွမ်က ဘယ်လို အရေးပေါ်ကိစ္စမျိုးပေါ်လို့ နေ့လည်ခင်းအထိ ဆိုင်ပိတ်လိုက်တာလဲ”
ရုံးဝတ်စုံနှင့် လူငယ်က သေချာပိတ်ထားသော တံခါးကို စိတ်အားထက်သန်စွာ ငေးကြည့်နေစဉ် ဝူဟိုင်းကို မေးလိုက်သည်။

“ငါဘယ်သိပါ့မလဲ။ ငါတောင် မနက်စာ မစားလိုက်ရဘူး”
ဟင်းလျာအသစ်ကို မြည်းစမ်းနိုင်သော အသိပေးစာကို မြင်သောအခါ ဝူဟိုင်း မခံမရပ်နိုင် ဒေါသထွက်မိသည်။ ပုံမှန် သိမ်မွေ့သောအမူအရာက  လုံးဝ ပျောက်ကွယ်သွား၍ စိတ်ဆတ်သော အမူအရာ အစားထိုးသွားသည်။

“ခင်ဗျားက ဒီနားတစ်ဝိုက်မှာ နေတာ မဟုတ်ဘူးလား။ ဒါကြောင့်မို့ ခင်ဗျားကို မေးရတာပါ”
လူငယ်က ဝူဟိုင်း၏အမူအရာကို သတိထားမိသည်။

“ဆိုင်နဲ့ အရမ်းအနီးဆုံးမှာ နေပေမဲ့ မနက်စာတောင် မစားခဲ့ရဘူးလေ”

ဆာလောင်ခြင်းက လူ့စိတ်သဘောထားကို ပြောင်းလဲစေသည်။ ထိုစကားများကို ပြောပြီးနောက် ဝူဟိုင်းက စိတ်ပျက်အားလျော့စွာ လှည့်ထွက်သွားသည်။

တခြားသူများက ယွမ်ကျိုးကို မကျေမနပ် ပြောဆိုနေစဉ် အဘိုးအိုကြီးက အချိန်အတော်ကြာအောင်  စောင့်ဆိုင်းပြီးနောက် လက်လျှော့လိုက်သည်။ သူ့မိန်းမက အဆာမလွန်စေချင်ပေ။ ထို့ကြောင့် သူက ကြားဝင် ပြောဆိုလိုက်သည်။
“အားလုံးပဲ ပြန်သင့်ပြီ။ လူငယ်လေးက နေ့လည်ခင်းမှာ ဆိုင်မဖွင့်လောက်ဘူး”

အဘိုးအိုကြီး ပြောသော စကားလုံးများက လူတိုင်း သိထားပြီသား အခြေအနေဖြစ်သည်။ စာရွက်ပေါ်တွင်လည်း နေ့လည်ခင်း ဆိုင်မဖွင့်နိုင်ကြောင်း အသိပေးထားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်လေးများ ကြုံအောင် မျှော်လင့်ချက်ကို မစွန့်လွှတ်ခြင်း ဖြစ်သည်။

လူအုပ်စုကြီးက တဖြည်းဖြည်းချင်း လူစုကွဲသွားသည်။ အများစုက ခပ်လှမ်းလှမ်း လမ်းလျှောက်သွားစဥ် မကျေမနပ် ပြောဆိုသည်။

“ဒီလောက် တိုးတက်ကြီးပွားနေတဲ့ စီးပွားရေးကို ဒီလိုသာမန်စကားလုံးလေးနဲ့ ပစ်ပယ်လိုက်တာလား။ သူဌေးရဲ့အတွေးကို ဘုရားသခင်ပဲ သိလိမ့်မယ်”
သက်လတ်ပိုင်းအမျိုးသားက ဆိုင်းဘုတ်မရှိသော စားသောက်ဆိုင်လေးကို ငေးမောကြည့်ကာ စကားပြောသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Tahanan ng mga kuwento. Tumuklas ngayon