အပိုင်း(၈၅)

158 14 0
                                    

ယွမ်ကျိုး အပိုင်း(၈၅)

“ကလင် ကလင် ကလင်”

နှိုးစက်သံက အချိန်ကိုက် မြည်လာသည်။ ယွမ်ကျိုးက အိပ်ရာပေါ်မှ ချက်ချင်းထလိုက်ပြီး မျက်စိမှိတ်ကာ ရေချိုးခန်းထဲသွားသည်။ ထို့နောက် တစ်ကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ကာ အဝတ်အစားလဲရန် ရေချိုးခန်းထဲ ပြန်လာသည်။

“ဒုန် ဒုန် ဒုန်”

ယွမ်ကျိုးက အောက်ထပ် ဆင်းလာပြီး မနေ့ညတုန်းက မီးဖိုချောင်ထဲ ပေါ်လာသော ဖန်ဗီဒိုကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညတုန်းက သေချာ မစစ်ဆေးခဲ့၍ ဖြစ်သည်။  ထို့ကြောင့် သူက ဘယ်ဘက်တွင်ရှိသော အဖြူရောင်ခလုတ်ကို နှိပ်လိုက်သောအခါ ဘုတ်ပြား ချက်ချင်း ပေါ်လာသည်။ ယွမ်ကျိုးက ဘုတ်ပြားပေါ် တက်လိုက်ပြီး ဖန်ဗီဒိုကို ဖွင့်လိုက်သည်။ ဗီဒိုအတွင်းမှ လတ်ဆတ်သော မွှေးရနံ့ ထွက်လာ၍ ယွမ်ကျိုး စိတ်လက်ပေါ့ပါးရသည်။

အစိမ်းရောင်မြက်လေးများကို ရေကန်ထဲမှာ အစီအစဉ်တကျ စီစဉ်ထားသည်။ အစိမ်းရောင်မြက်ပင်များ၏ ကြီးထွားမှုကို စောင့်ကြည့်ပြီး ယွမ်ကျိုး ကျေနပ်မိ၍ ဖန်ဗီဒိုကို ပြန်ပိတ်ကာ မူလနေရာသို့ ပြန်ဆင်းလိုက်သည်။

ပင်မခန်းမဆောင်ထဲမှ နာရီကိုကြည့်လိုက်သည်။ မနက် ၇နာရီ ၁၅မိနစ် အချိန်ဖြစ်သည်။ ထို့ကြောင့် ရှောင်လုံပေါင်း ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူလည်း မနက်စာ စားနိုင် သကဲ့သို့ ပိုအဆင်ပြေသော ခံစားချက်လည်း ဖြစ်ပေါ်မည်။

ထို့နောက် သူက ဂျုံမှုန့်ကို ထုတ်လိုက်ပြီး မုန့်ညှက် နယ်သည်။ လေ့ကျင့်ခြင်းက ပြီးပြည့်စုံခြင်းဟု ဆိုရိုးစကားရှိသည်။ မုန့်ညှက်နယ်သော ကျွမ်းကျင်မှုက လျင်မြန်စွာတိုးတက်လာသည်။ လက်ရှိအချိန်တွင် ယွမ်ကျိုး နယ်ထားသော မုန့်ညှက်များက ပိုတောက်ပပြီး ပို၍ ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိသည်။

မုန့်ညှက်များ ကစော်ဖောက်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ယွမ်ကျိုးက အစာသွပ်မည့် အသားများကို ခုတ်ထစ်ပြီး ဝက်ခေါက်ကို ပါးပါးလှီးသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now