အပိုင်း(၆၇)

225 26 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၇)

လင်းဟုန်က သူ့ဝှက်ဖဲကို တန်းအသုံးပြုသည်။
“သူဌေးယွမ်၊ ခင်ဗျားနဲ့ ကျွန်တော်တို့ အပေးအယူတစ်ခုလောက် လုပ်ရအောင်လား။ ဒီမီနူးမှာ ရေးထားတဲ့ ဟင်းပွဲအားလုံးကို ဒီကနေ့ ရောင်းပေးရင် ခင်ဗျားရဲ့ဆိုင်ကို ကြော်ငြာရိုက်ပေးမယ်”

“လူတိုင်းနီးနီးက ဒီလို ဈေးကြီးတဲ့ဟင်းပွဲတွေကို ဝယ်စားနိုင်တာ မဟုတ်ဘူးလေ”
လင်းဟုန်က အဓိကအချက်ကို ထောက်ပြသည်။

ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်က နတ်ဘုရားအဆင့်ဖြစ်ပြီး အသုံးပြုထားသော ပစ္စည်းများထိပ်တန်းပစ္စည်းဖြစ်သည့်တိုင်  ဝူဟိုင်း ၊ အဘိုးအို နှင့် လူနည်းစုမှလွဲ၍ တခြားသူများက နေ့တိုင်း ဝယ်မစားနိုင်ပေ။ သူတို့အားလုံး ပုံမှန်အားဖြင့် တစ်လလျှင် ၂ကြိမ် ၊ ၃ကြိမ်ခန့် လာတတ်သည်။

“ဒါပေမဲ့ ငါက တခြားသူတွေနဲ့ မတူဘူး။ ငါနဲ့ ရင်းနှီးတဲ့လူတွေက ဒီဟင်းပွဲတွေကို လွယ်လွယ်ကူကူ ဝယ်စားနိုင်တယ်” လင်းဟုန်က သူ့စကားကို ယွမ်ကျိုး ယုံကြည်လက်ခံလိမ့်မည်ဟု ထင်ထားသည်။

ယွမ်ကျိုးက သူ့ကိုယ်တိုင် ကြော်ငြာစရာ မလိုအပ်ဘဲ ဖောက်သည်များများ ရမည့် အခွင့်အလမ်းကို သဘောကျသော်လည်း ခပ်ပြတ်ပြတ် ငြင်းပစ်သည်။
“မရဘူး။ ဒါပေမဲ့ ကျေးဇူးပါပဲ”

“ကောင်းပြီလေ။ ဒီလိုဆိုရင်လည်း ရှောင်လုံပေါင်း တစ်ပွဲပေးပါ”
လင်းဟုန်က နားပူအောင် စိတ်အနှောင့်အယှက် ပေးတတ်သူ မဟုတ်ပေ။

တခြားသူများကလည်း သူ့နည်းတူ ရှောင်လုံပေါင်း အော်ဒါတင်သည်။

ယွမ်ကျိုးက လင်းဟုန်အတွက် တခြားဟင်းပွဲများ မချက်ပေးသည့် တစ်ခုတည်းသော အကြောင်းအရင်းက ရိုးရှင်းသည်။ အလုပ်ရှုပ်၍ ဖြစ်သည်။

“ကောင်းပြီ၊ ခဏစောင့်ပေးပါ။ ရှာလကာရည် မလိုချင်တဲ့သူ ရှိလား”

ယွမ်ကျိုးက အရင်ဆုံး မေးမြန်းလိုက်သည်။

“ငါ့အတွက် တစ်ပန်းကန်ပေးပါ” လင်းဟုန်က အရင်ဆုံး မှာသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now