အပိုင်း(၂၅)

280 29 0
                                    

ကျွမ်ကျင်စားဖိုမှူးစနစ် အပိုင်း(၂၅)

[ကျပန်းဆု] ရှောင်လုံပေါင်း ဖက်ထုပ် (ဟင်းရည်နှင့်အသားထည့်ထားသော ဖက်ထုပ်ပေါင်း)
( ရရှိသွားပါပြီ)

စနစ် “ဈေးနှုန်း တစ်ပွဲလျှင် ၆၆ယွမ်”

“ဒါက စားသောက်ဆိုင်မှာ ဈေးအပေါဆုံးပဲ။ မနက်ဖြန် များများ စားကြည့်ရမယ်”

ယွမ်ကျိုးက ဈေးနှုန်းကို မြင်တွေ့သောအခါ စိတ်ထဲရှိသည့်အတိုင်း ရေရွတ်လိုက်သည်။

ယွမ်ကျိုးက အကျိုးဆက်ကို မတွေးဘဲ ဆုလာဘ်ကို လက်ခံယူလိုက်သည်။ ယွမ်ကျိုးက ဂျုံအသုံးပြုသောဟင်းပွဲကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။  ဖက်ထုပ်ပေါင်းက စာအုပ်ပုံ ပြောင်းလဲသွားပြီး အလင်းတန်းများ ဖြာလဲ့ကာ ယွမ်ကျိုး၏ ဦးခေါင်းကို လွှမ်းခြုံသွားသည်။ ထို့နောက် အလင်းတန်းက သူ့ဦးနှောက်ထဲ ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

ရှောင်လုံပေါင်း နှင့် ပတ်သက်သော ပါဝင်ပစ္စည်းများကို စနစ်က ထုံးစံအတိုင်း အရင်ဆုံး မရှင်းပြခဲ့ပေ။ ဂျုံမုန့်ညက် ဖန်တီးရန် ရောစပ်ရမည့် အတိုင်းအဆ နှင့် အချိန်သတ်မှတ်ချက်များကို အတိအကျ ရှင်းလင်းပေးထားသည်။ အစာသွပ်ခြင်း နှင့် အချဉ်ဖန်တီးခြင်းကလည်း ရှုပ်ထွေးလွန်းသည်။

ယွမ်ကျိုးက စနစ်မှ ပေးသော အချက်အလက်များကို လေ့လာပြီးနောက် သူ့ကိုယ်သူ ဖက်ထုပ် အကျော်အမော် စားဖိုမှူးကြီးဟု ခံစားမိသည်။ ထိပ်တန်း ပါဝင်ပစ္စည်းများ နှင့် ကမ္ဘာအဆင့်မီ ဟင်းလျာကို ချက်ပြုတ်ရမည့် ခံစားချက်က အံ့မခန်းဖြစ်သည်။

“ဒီရှောင်လုံပေါင်းနဲ့လည်း ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးနိုင်တာပဲလေ”

ထိုစဉ်အခိုက်အတန့် ယွမ်ကျိုးက ဆာလောင်သော ခံစားချက် ဖြစ်ပေါ်လာသည်။ သို့သော်လည်း နာရီကို တစ်ချက် ကြည့်လိုက်သောအခါ ည၁၂နာရီဖြစ်နေသည်။ နောက်တစ်နေ့ မနက်ခင်းတွင် စားသောက်ဆိုင်ဖွင့်ရမည် ဖြစ်၍ စိတ်လှုပ်ရှားသော ခံစားချက်ကို ထိန်းချုပ်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now