အပိုင်း(၆၈)

147 14 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၈)

စနစ်က ယွမ်ကျိုး၏အတွေးကို ပြန်လည်ဖြေကြားပေးသည်။
“ကျပန်းဟင်းလျာတွေထဲက တစ်ခုခုပေါ့”

“ဒါဆိုရင် ကံစမ်းမဲနှိုက်ရင် ရှိပြီသား ဟင်းပွဲတွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ” ယွမ်ကျိုးက သူ အစိုးရိမ်ဆုံး မေးခွန်းကို မေးမြန်းသည်။

စနစ် “ မင်း ပထမဆုံးမဲကျသွားတဲ့ ဟင်းပွဲအပေါ် မူတည်တယ်။ နောက်ပိုင်းကျရင် သူနဲ့တူတဲ့ အစိတ်အပိုင်းတွေပဲ ထပ်ကျဖို့ အခွင့်အလမ်းများတယ်”

“ဒါဆိုရင် ဟင်းပွဲတိုင်းရဲ့ပါဝင်တဲ့ ပမာဏက အတူတူပဲလား” ယွမ်ကျိုးက တွေးတွေးဆဆဖြင့် ဆက်မေးမြန်းသည်။

စနစ် “ မင်း ကံစမ်းမဲနှိုက်လိုက်တိုင်း မတူဘူး။ တစ်ပိုင်းချင်းစီရဲ့အရွယ်အစားက ခြားနားတယ်”

ယွမ်ကျိုးက သူ့စိုးရိမ်စိတ်ကို ရှင်းလင်းပြီးနောက် ဟင်းချက်ရန် ပြင်ဆင်သည်။ ထို့အပြင် သူ့အကြံအစည်ကိုလည်း အကောင်အထည်ဖော်ရန် စဉ်းစားထားသည်။

ထို့ကြောင့် သူ့ပုံမှန်လေးနက်သောမျက်နှာပေါ်တွင် အပြုံးလေး ဆင်မြန်းလိုက်သည်။

ဤအပြုအမူက ပုံမှန်ဖောက်သည်များကို အလွန်အမင်း တုန်လှုပ်သွားစေသည်။

“သူဌေးယွမ် ဘယ်လိုဖြစ်သွားတာလဲ ထူးခြားနေတယ်နော်” ပုံမှန်ဖောက်သည်တစ်ယောက်က သူ့ဘေးနားက သူစိမ်းကို မေးမြန်းသည်။

ဤလူသည် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူ ဖြစ်သည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်လည်း ဖြစ်သည်။ သူ့ဘေးနားကလူက စစ်တိုက်ရန် ပြင်ဆင်နေသော အမူအရာ ပြုလုပ်နေ၍ သူက စပ်စပ်စုစု မေးမြန်းသည်။
“ခင်ဗျား ဘာဖြစ်နေတာလဲ။ သူဌေးယွမ်က ပြုံးရုံ ပြုံးနေတာလေ ထူးဆန်းလို့လား”

“ဘာလဲ။ မင်းက ဒီဆိုင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား ဟုတ်လား” ပုံမှန်ဖောက်သည်က ယုံကြည်မှုအပြည့်ဖြင့် မေးမြန်းသည်။

“ဟုတ်တယ်။ မန်မန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ဒီစားသောက်ဆိုင်မှာ လာစားတာလေ” တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်က ပုံမှန်ဖောက်သည်၏ သံသယကို အတည်ပြုပေးသည်။၏

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now